ဇနီးမောင်နှံနှစ်ဦးသည် ခြောက်သွေ့သော မြောက်ကယ်လီဖိုးနီးယားကိုဖြတ်၍ ကားမောင်းလာစဉ် ကားဘီးပေါက်သွားပြီး လမ်းမျက်နှာပြင်နှင့် ကားဘီးခွေတို့ ပွတ်ဆွဲသံကို ကြားလိုက် ရသည်။ ယင်းမှလွှင့်စင်လာသည့် မီးပွားလေးက ဧက ၂၃၀,၀၀၀ နီးပါး လောင်ကျွမ်းခဲ့သည့် ၂၀၁၈ ခါးရ် တောမီး​လောင်မှုကို ဖြစ်စေခဲ့ပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးကာ၊ လူအတော်များများ သေဆုံးခဲ့ ရသည်။

ထိုမောင်နှံနှစ်ဦးသည် ဝမ်းနည်းမှုဖြင့် စိတ်ဖိစီးခံနေ ရကြောင်း တောမီးကြောင့် အသက်မသေဘဲ ကျန်ရစ်သူများက ကြားသော် “ရှက်စိတ်နှင့်စိတ်ပျက်အားငယ်မှုတို့ လွှမ်းခြုံနေသူ ကို ကျေးဇူးပြုလျက် အကြင်နာတရားပြ” ဟူသည့်ဖေ့စ်ဘွတ် စာမျက်နှာတစ်ခု ထောင်ခဲ့သည်။ အမျိုးသမီးကြီးတစ်ဦးက “မီးကြောင့် နေအိမ်ဆုံးရှုံးသွားရတဲ့သူတစ်ဦးအနေနဲ့… ငါရဲ့ မိသားစုနဲ့ အခြားနစ်နာသူတွေလည်း မင်းတို့ကို အပြစ်မတင် ပါဘူးဆိုတာကို သိစေချင်တယ်။… မတော်တဆဆိုတာဖြစ်တတ် ပါတယ်။ ဒီသတင်းစကားလေးက မင်းတို့ရဲ့ဖိစီးမှုဝန်ကို သက်သာစေမယ်လို့ ငါတကယ်ပဲ မျှော်လင့်ပါတယ်။ ဒီအရာကို အတူတကွ ကျော်လွှားသွားရအောင်”ဟု စာရေးခဲ့သည်။

အပြစ်တင်ခံရမှု၊ အဖတ်မဆယ်နိုင်သည့်အမှုကိုလုပ်မိပြီဟူသော စိုးကြောက်စိတ်က လူ့စိတ်ဝိညာဉ်ကို ချွေယူသွားနိုင်သည်။ “ကိုယ်စိတ် နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏”(၁ ယော ၃:၂၀) ဟူသည့် ကျမ်းချက်အတွက် ကျေးဇူးတင်မိသည်။ ကျွန်ုပ်တို့ဖုံးကွယ်ထားသည့် ရှက်စရာ အမှုများ မည်သို့ပင်ရှိပါစေ ဘုရားရှင်သည် ထိုအမှုအားလုံးထက် သာ၍ကြီးမြတ်ပါသည်။ (လိုအပ်ပါက) နောင်တရရန် (သို့) ကျွန်ုပ်တို့ကို လှိုဏ်စားနေသည့် ရှက်စရာအမှုတို့ကို လှန်ပစ်ရန် သခင်ယေရှု ကျွန်ုပ်တို့ကို ခေါ်တော်မူ၏။ ထို့နောက် ဘုရားရှင်၏ရွေးနုတ်ခြင်းကို ခံယူပြီး “ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြ”(:၁၉) ပြီးဖြစ်သည်။

ပြန်ပြင်၍ရလျှင် ပြန်ပြင်လိုက်ချင်သည့် အမှုအရာများအတွက် မည်သို့ပင် သောကရောက်နေပါစေ ဘုရားသခင်သည် သူနှင့်ကျွန်ုပ်တို့ကို နီးစေရန် ဆွဲခေါ်တော်မူ၏။ ရှင်ယေရှုက အပြုံးဖြင့် “မင်းရဲ့နှလုံးသားကို လွတ်မြောက်စေပြီ”ဟု မိန့်ကြားနေပါသည်။ WINN COLLIER