စေတနာကောင်းသော သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့၏ကလေးများကို လာ၍ ထိန်းပေးရန် ကမ်းလှမ်းလာသဖြင့် ဇနီးသည်နှင့်အတူ အပြင်ထွက်ခွင့်ရခဲ့သည်။ “ရှင်တို့ စိတ်ကူးယဉ်ဆန်တဲ့ တစ်နေရာရာကို သွားသင့်တယ်” ဟု သူမက တတွတ်တွတ်ပြောသည်။ သို့သော် ထိုသို့သွားမည့်အစား လက်တွေ့ကျကျ ကုန်စုံဆိုင်တစ်ခုသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ လက်ထဲမှ ကုန်စုံပစ္စည်းအထုတ်နှင့် အိတ်များကိုကြည့်ပြီး သူငယ်ချင်းက ဘာ့ကြောင့် ထူးခြားသည့် အရာတစ်ခုခု မလုပ်ခဲ့သနည်းဟု မေးသည်။ ထူးခြားသည့် လုပ်ရပ်ထက် မည်သူနှင့်အတူသွားသည်၊ ရှိနေသည် ဆိုသည်က ပို၍အရေးကြီးကြောင်း ကျွန်​တော်တို့ပြန်ဖြေလိုက်သည်။
ဘုရားသခင်မှ တိုက်ရိုက်ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်းကို မှတ်တမ်းတင်ထားခြင်းမရှိသည့် ကျမ်းအနည်းငယ် ရှိပြီး ၄င်းတို့အနက် ရုသဝတ္ထုကို အလွန်ရိုးရှင်းစွာ ရေးသားထားသည်။ ထို့ကြောင့် အချို့က ထိုကျမ်းကို လူနှစ်ဦး၏သမားရိုးကျ တွေ့ဆုံပေါင်းသင်းသည့် ဖြစ်လေ့ဖြစ်ထရှိသော ဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ဖတ်ရှုကြသည်။
စင်စစ် ထူးခြားချက်တစ်ခုရှိနေသည်။ ရုသဝတ္ထု၏ နောက်ဆုံးအခန်းတွင် ရုသနှင့်ဗောဇတို့နှစ်ဦး ပေါင်းစပ်ပြီး ဒါဝိဒ်၏အဘိုးဖြစ်သူ သြဗက် အမည်ရှိသောသားကို ရရှိခဲ့သည် (၄:၁၇)။ ထို့နောက် မဿဲ ၁:၁ တွင် ဖတ်ရှုရသည့်အတိုင်း ဒါဝိဒ်အမျိုးမှ သခင်ယေရှုကို မွေးဖွားခဲ့သည်။ သခင်ယေရှုသည် ရုသနှင့်ဗောဇတို့၏
သာမန်ဇာတ်လမ်းလေးမှ ဘုရားသခင်က ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားသည့် အံ့သြဖွယ်အကြံအစည်ပင်ဖြစ်သည်။
မကြာခဏဆိုသလို ကျွန်တော်တို့၏အသက်တာသည်လည်း ရိုးရိုးလေးသာ ဖြစ်ပြီး ထူးဆန်းထွေလာ လုပ်ဆောင်ထားခြင်းမရှိဟု ကျွန်တော်တို့ထင်သည်။ သို့သော် ကျွန်ုပ်တို့၏အသက်တာကို သခင်ခရစ်တော်မှတစ်ဆင့် ရှုမြင်ကြည့်မည်ဆိုပါက အရိုးရှင်းဆုံးသောအခြေအနေနှင့် ပေါင်းသင်းဆက်ဆံရေးများကို ထာဝရနှင့်ဆိုင်သည့် ထူးခြားအံ့ဖွယ်သောအရာအဖြစ်သို့ ကိုယ်တော်ပြောင်းလဲပေးတော်မူသည်။ PETER CHIN