မကြာမီက ကျွန်ုပ်တို့အသင်းတော်၌ ဖခင်များနှင့်ရင်းနှီးကျွမ်းဝင်မှု အားနည်းသူများက ကျွန်ုပ်အား ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဖခင်တစ်ယောက်ကဲ့သို့ ရပ်တည်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်ဆု​တောင်းရာတွင် သားသမီးများ အပေါ် မျှော်လင့်ချက် ကြီးမားမြင့်မားစွာ ထားရှိခြင်း၊ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုကို မပေးခြင်း၊ ရပ်တည်ပေးရန် ပျက်ကွက်မှု စသည်တို့ကြောင့် သားသမီးများကို ဒဏ်ရာရနာကျင်စေသော ဖခင်၏လုပ်ရပ်များအတွက် ရှေ့ဦးစွာ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့သည်။ ထို့ပြင် ဝမ်းမြောက် ပျော်ရွှင်ခြင်း၊ ချစ်ခင်လေးစားခြင်းနှင့် ကြွယ်ဝသောချစ်ခြင်း မေတ္တာကို ခံစားရပါစေဟု ကောင်းချီးပေးကြွေးကြော်ခဲ့သည်။
ထိုသို့ဆု​တောင်းကောင်းချီးပေးနေစဉ် ကျွန်ုပ်မျက်ရည်ကျခဲ့ သည်။ ထိုကောင်းချီးကို ကျွန်ုပ်လည်းလိုအပ်ဆဲဖြစ်ပြီး ကျွန်ုပ်၏ သားသမီးများလည်း အဘယ်မျှလိုအပ်လိမ့်မည်ကို နားလည်သဘောပေါက်ခဲ့သည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ဖခင်အဖြစ် ထပ်ခါထပ်ခါဖော်ပြလျက် ၎င်းသည် ပုံပျက်နေသောဖခင်၏ပုံရိပ်သဏ္ဌာန်ကို ပြန်လည်ဖော်ဆောင်ပေးသည့် အမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရအဘ ဖြစ်သော ဘုရားသခင်သည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာကို ကြွယ်ဝစွာသွန်းလောင်းပြီး ကျွန်ုပ်တို့အား သူ၏သားသမီးဖြစ်စေခဲ့သည်။ ဘုရားသားသမီးဖြစ်ခြင်းသည် မသေချာမရေရာသော၊ ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေသော လောကကမ္ဘာတွင် ကျွန်ုပ်တို့ကိုရှိစေသည့်အကြောင်းတရားဖြစ်သည်။ ရှင်ယောဟန်က “ငါတို့သည် ဘုရားသခင်၏သားသမီးဖြစ်ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ်မည်ဟု မထင်ရှားသေး”(:၂) ဟုဆိုသည်။ စိန်ခေါ်မှုများကို အချိန်တိုင်း ရင်ဆိုင်ရစဉ်မှာပင် အဘဘုရားသည် ကျွန်ုပ်တို့ကို ချစ်ပြီး ကျွန်ုပ်တို့ကို ထောက်ပံ့နေသည်။ ကိုယ်တော်၏မေတ္တာနှင့် ထောက်ပံ့ဖြည့်ဆည်းပေးမှုများ ဘယ်သောအခါမျှ ရပ်တန့် သွားမည်မဟုတ်ကြောင်းကို ယုံကြည်စိတ်ချနိုင်ပါသည်။ “သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းသောအခါ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ” ဟု ယောဟန်အားဖြင့် ဘုရားရှင် မိန့်ကြားသည်။

စိုးရိမ်ပူပန်မှုများ၊ ဒဏ်ရာများနှင့် ကျရှုံးမှုများကြားတွင် ကျွန်ုပ်တို့၏ ကောင်းသော အဘဘုရားသခင်သည် ကြီးမားများပြားသော ချစ်ခြင်းမေတ္တာကောင်းချီးများ ပေးနေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့သားသမီးဖြစ်စေခြင်းကြောင့် သူပိုင်သော သူများဖြစ်သည်ဟု ကိုယ်တော်အခိုင်အမာဆိုသည်။ WINN COLLIER