၁၉၉၄ ခုနှစ် ခရစ်စမတ်နေ့ဉီးတွင် Old Brinker ဆိုသော လူတစ်ယောက်သည် အကျဉ်းထောင်ဆေးရုံတွင် သူ့ဘဝ၏နောက်ဆုံးအချိန်ဖြစ်၍ လဲလျောင်းကာ မိတ်ဆွေ အကျဉ်းသားများမှ ဉီးစီးလုပ်ဆောင်သော ခရစ်စမတ်အစီအစဉ်ကို စောင့်ဆိုင်းနေခဲ့သည်။ စူမားတြားကျွန်းဆွယ်ရှိ မွန်တော့အကျဉ်းစခန်းတွင် သူနှင့်အတူ အကျဉ်းချခံရသော William McDougall အား “တီးဝိုင်းဘယ်တော့စမှာလဲ” ဟု မေးရာ၊ McDougall က“မကြာခင်ပေါ့” ဟု ပြန်ဖြေသည်။ “ကောင်းပြီ၊ ဒါဆို သူတို့အသံကို ကောင်းကင်တမန်တွေရဲ့ သီချင်းသံနဲ့ နှိုင်းယှဉ်ကြည့်လို့ရတာပေါ့” ဟု ပြောလိုက်သည်။

Brinker သည် လွန်ခဲ့သောဆယ်နှစ်ခန့်က ယုံကြည်ခြင်းမှ ရွှေ့လျော့သွားခဲ့သော်လည်း သူ၏နောက်ဆုံး အချိန်တွင် အပြစ်ကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထံမှ ငြိမ်သက်ချမ်းသာခြင်းကို တွေ့ရှိခဲ့သည်။ တစ်ပါးသူများကို မချေမငံအကြည့်ဖြင့် နှုတ်ဆက်မည့်အစား ပြုံးပြနှုတ်ဆက် ခဲ့ခြင်းမှာ သိသာသော ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း McDougall ဆိုသည်။

Brinker တောင်းဆိုသော သီချင်းဖြစ်သည့် “Silent Night” ကို ပိန်ချုံးနေသော ထောင်သား ၁၁ ယောက်မှ သီဆိုပြီးသည်နောက် ငြိမ်းချမ်းစွာ သူသေဆုံးခဲ့သည်။ Brinker သည် နောက်တစ်ကြိမ် ယေရှုနောက်တော်သို့လိုက်ခဲ့ပြီး ကောင်းကင်၌ ဘုရားသခင်နှင့် ပြန်လည် ပေါင်းစည်းသွားကြောင်းနှင့် သေခြင်းသည် ဘကြီး Brinker ကို ကြိုဆိုနေသော ခရစ်စမတ်ဧည့်သည်ဖြစ်ခဲ့သည်ဟု McDougall လေ့လာမိသည်။

သူ၏သေခြင်းကို Brinker မျှော်လင့်နေပုံအားဖြင့် ရှုမောင်ကို အမှတ်ရမိသည်။ သူသည် “ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရ”(လု၂:၂၆) ဟု ဗျာဒိတ်တော် ခံရသော သန့်ရှင်းသူတစ်ဦးဖြစ်သည်။ ဗိမာန်တော်၌ ယေရှုကို မြင်သောအခါ “ကိုယ်တော်၏ ကျွန်သည် ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကို ယခုတွင် ပေးတော်မူ၏။ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကိုယ်မျက်စိနှင့် မြင်ရပါ၏”(:၂၉-၃၀) ဟု ရှုမောင် ဆိုလေသည်။

Brinker ကဲ့သို့ပင် ယေရှုကို ယုံကြည်လက်ခံခြင်းသည် ကျွန်ုပ်တို့ လက်ခံရရှိ နိုင်သောလက်ဆောင် (သို့) ဝေငှနိုင်သော အကောင်းဆုံး ခရစ်စမတ်လက်ဆောင်ပင် ဖြစ်သည်။ AMY BOUCHER PYE