အိမ်ရှေ့တွင်ရောက်နေသည့် ကြည်လင်သော ဖန်ပန်းအိုးထဲမှခေါင်းလောင်းပုံ လီလီပန်း၊ ပန်းနုရောင် ချူးလစ်ပန်း၊ အဝါရောင် ဒယ်ဖိုဒေးပန်းများက ကင်မ်အား ကြိုဆိုနေပါသည်။ အမည်အဖော်လိုသူ ယုံကြည်သူတစ်ဦးက ရပ်ကွက်ပန်းဆိုင်မှ လှပသောပန်းစည်းများကို ကင့်မ်ထံသို့ (၇)လတိုင်အောင် ပို့ပေးခဲ့သည်။ လစဉ်ရောက်လာသော လက်ဆောင်တွင် ခွန်အားပေးစာများနှင့်အတူ ‘ချစ်တဲ့ယေရှု’ ဟု ရေးထိုးထား သော စာတိုလေးလည်း ပါရှိသည်။

ကင့်မ်က ထိုလျှို့ဝှက်လက်ဆောင်ပို့မှုအကြောင်းကို ဖေ့စ်ဘွတ်ပေါ်၌ ဝေမျှသည်။ ထိုပန်းစည်းများက တစ်စုံ တစ်ယောက်၏ကြင်နာပြမှုကို ခံစားရစေပြီး ဘုရားရှင်သည် သူ၏လူများမှတစ်ဆင့် သူ့မေတ္တာကို ဖော်ပြနေကြောင်း သူသိရှိနားလည်ခဲ့ရသည်။ ရောဂါနှင့်တိုက်ပွဲဝင်လျက် နောက်ဆုံးအချိန်ရောက်နေသည့် ကင့်မ်သည် ဘုရားရှင်အပေါ် ကိုးစားအပ်နှံလျက် အရောင်အသွေးစုံလင်သည့် ပန်းများနှင့် စာတိုများက ဘုရားရှင် သူမအပေါ်ထားရှိသော ကြင်နာမှုကို စိတ်ချစေပါသည်။

ပေးပို့သူ၏ အမည်မဖော်လိုခြင်းသဘောသည် ပေးကမ်းခြင်းအမှုကို မည်သည့် စိတ်ထားဖြင့် ပြုသင့်ကြောင်း သူ့လူမျိုးတော်အား သခင်ယေရှုတိုက်တွန်းပုံကို ထင်ဟပ် နေပါသည်။ ဘုရားရှင်က “ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့” ဟု ဆိုထားသည် (မ ၆:၁)။ မိမိအပေါ်ပြုခဲ့သော ဘုရားရှင်၏ ကျေးဇူးများအတွက် ကျေးဇူးတင်ခြင်းကို ကောင်းမှုပြုခြင်းဖြင့် ကိုးကွယ်ဖော်ပြရန် ဖြစ်သည်။ ဂုဏ်ပြုချီးမွမ်းခံရရန် မျှော်လင့်ပြီး မိမိ၏ရက်ရောမှုကို မီးမ​ောင်းထိုးခြင်းဖြင့် ကောင်းသောအရာများကို ပေးသနားသူ သခင်ယေရှုထံမှ အာရုံလွဲစေနိုင်ပါသည်။

ကောင်းကျိုးအလို့ငှာ ကျွန်ုပ်တို့ပေးကမ်းခြင်းကို ဘုရားရှင်သိပါသည် (:၄)။ ဘုရားရှင်ကို ဘုန်းပေးချီး​မြှောက်ခြင်း၊ ချီးမွမ်းခြင်းများမှဖြစ်ပေါ်လာသော မေတ္တာဖြင့် ရိုးရှင်းသော ပေးကမ်းခြင်းကိုသာ ကိုယ်​တော်အလိုရှိသည်။ XOCHITL DOXON