၁၉၇၅ ခုနှစ်က ဇာတ်ညွှန်းရေးဆရာ ရော့ဒ်စာလင်း က ‘ကျွန်တော့်ကို ယနေ့မှစ နောင်နှစ်ပေါင်းတစ်ရာတိုင် လူတွေ အမှတ်ရစေချင်တယ်’ ဟုပြောခဲ့သည်။ သူသည် The twilight Zone တီဗီဇာတ်လမ်းတွဲကို ဖန်တီးသူဖြစ်ပြီး၊ သူ့အား စာရေးဆရာ တစ်ဦးအဖြစ် လူတို့ပြောစမှတ်ပြုရန် သူလိုလားသည်။ ကိုယ့်ဘ၀အတွက် အဓိပ္ပာယ်ရှိပြီး တည်မြဲသောအရာ တစ်စုံတစ်ရာကို အမွေအနှစ်အဖြစ် ပေးလို သည့် စာလင်း၏ဆန္ဒမျိုး ကျွန်ုပ်တို့တွင်လည်းရှိကြောင်း သိနိုင် ပါသည်။

ယောဘ၏ဇာတ်လမ်းသည် တိုတောင်းသောဘဝ တွင် ဘဝ၏အဓိပ္ပာယ်နှင့်ရုန်းကန်နေရသူ တစ်ယောက် အကြောင်းကို ဖော်ပြသည်။ အချိန်တစ်ခဏအတွင်း သူ့ပိုင်ဆိုင်မှု စည်းစိမ်များသာမက သူတန်ဖိုးအထားရဆုံးသော သားသမီးများကိုပါ ဆုံးရှုံးခဲ့ရသည်။ သူ့မိတ်ဆွေများက သူထိုက်နှင့်သူ့ကံကြောင့် ဤသို့ခံစားရခြင်းဖြစ်သည်ဟု ယိုးစွပ် ပြောဆိုကြသည်။ “ငါ့စကားကို ယခုရေးမှတ်ပါစေသော။ စာရင်း၌ သွင်းထားပါစေသော။ ခဲပြားပေါ်မှာ ကညစ်နှင့်အက္ခရာတင်လျက် ကျောက်စာထိုးလျက်မြဲပါစေသော” (၁၉:၂၃-၂၄) ဟု ယောဘဆိုခဲ့သည်။

ယောဘ၏ပြောစကားများသည် ကျောက်ပေါ်တွင် ထွင်းထားသကဲ့သို့ ရှိနေပြီး နှုတ်ကပတ်တော်တွင် တွေ့နိုင်ပါသည်။ သို့သော် ယောဘသည် သူချန်ရစ်ခဲ့သော အမွေအနှစ်ထက် ပိုပြီးအဓိပ္ပာယ်ရှိသောအရာကို လိုအပ်ခဲ့သည်။ ထိုအဓိပ္ပာယ်ကို ဘုရားရှင်၏သဘောတော်တွင် သူတွေ့ရှိခဲ့သည်။ ယောဘသည် “ငါ့ကို ရွေးနှုတ်သော သခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်”ဟု သူကြွေးကြော်ခဲ့သည် (၁၉:၂၅)။ ထိုအသိတရားသည် သူ့အား စစ်မှန်သောအရာကို တောင့်တစေပါသည်။ “ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ … ထိုသို့ မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏”(: ၂၇) ဟု သူမြွက်ဆိုခဲ့သည်။

အဆုံးတွင် ယောဘသည် သူမျှော်လင့်သောအရာကို မတွေ့ခဲ့ပါ။ သို့သော် သူသည် ပို၍ကောင်းမြတ်သော ခပ်သိမ်းသောအရာ၏အဓိပ္ပာယ်နှင့် တည်မြဲခြင်းတရား၏ “အရင်းအမြစ်အရှင်”ကို တွေ့ရှိခဲ့သည်။ TIM GUSTAFSON