ဒဏ္ဍာရီစကားများအရ အလယ်စုခေတ်မြေပုံ၏အစွန်းတွင် ကမ္ဘာ့မြေပုံဖန်တီးရှင်များသည် “နဂါးများ ဤနေရာတွင်ရှိသည်” ဆိုသောစာကို ရေးထွင်းထားကြောင်း၊ တစ်ခါတစ်ရံ ကြောက်စရာကောင်းသော နဂါးပုံများကိုပါတွဲ၍ ရှင်းလင်းမြင်သာစွာ ရေးဆွဲထားသည်။

အလယ်စုခေတ်က မြေပုံရေးဆွဲသူများက ထိုစာကို ရေးသားခဲ့ကြောင်း သက်သေ အထောက်အထားများ မရှိသော်လည်း ၎င်းသည် မှန်နိုင်ကောင်း သည်ဟု ကျွန်မယူဆလိုသည်။ အကြောင်းမှာ ကျွန်မသာဆိုလျှင် “နဂါးများရှိသည်” ဆိုသောစာကို ရေးခဲ့မည်ပင်။ ဘာရှိမှန်းမသိ သော နေရာသို့ ကျော်လွန်၀င်ရောက်မိလျှင် ဘာဖြစ်မည်ကို မသိသောကြောင့် ထိတ်လန့်ဖွယ် သတိပေးစကားကို ပေးချင်ရုံပါ။

သို့သော် ကျွန်မ၏ မိမိကိုယ်ကိုကာကွယ်ခြင်းနှင့် စွန့်စားမှုကို သွေဖည်ခြင်း ပေါ်လစီထက် ပိုပြီး အရေးကြီးသော ပြဿနာတစ်ခုရှိသည်။ သခင်ယေရှုကို ယုံကြည်သူအဖြစ် သတ်မှတ်ခံရသူအနေဖြင့် ရဲရင့်ခြင်းရှိရန်ဖြစ်သော်လည်း ၎င်းနှင့်ဆန့်ကျင်ဘက် ကျွန်မကြောက်နေသည့် ပြဿနာ ဖြစ်သည် (၂တိ ၁:၇)။

အမှန်တကယ် အန္တရာယ်ရှိသောအရာနှင့် စပ်လျဥ်း၍ တစ်လွဲယုံကြည်နေခြင်းဟု လူတို့ပြောကြလိမ့်မည်။ ရှင်ပေါလု ရှင်းပြထားသကဲ့သို့ ဤပျက်စီးသောလောကကြီးတွင် ခရစ်တော်နောက်သို့ ရဲရင့်စွာ လိုက်လျှောက်ခြင်းက ဆင်းရဲနာကျင်စရာဖြစ်စေနိုင်သည်(:၈)။ သို့သော် သေခြင်းမှ အသက်ရှင်ခြင်းသို့ ပို့ဆောင် ခံရသူများ၊ ကျွန်မတို့အတွင်းနှင့် ကျွန်မတို့အားဖြင့်စီးဆင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကို ယုံကြည်စွာ အပ်နှင်းခံရသူများ (:၉-၁၀၊ ၁၄) အနေဖြင့် အဘယ်ကြောင့် မရဲရင့်နိုင်သနည်း။

ဘုရားရှင်က ဤမျှအံ့မခန်းဖွယ်ဝိညာဥ်တော်ကို လက်ဆောင်အဖြစ် ပေးထား ပါလျက်နှင့် ကြောက်စိတ်နှင့်နောက်တွန့်ဆုတ်ပြေးခြင်းက အလွန်ဝမ်းနည်းစရာဖြစ်သည်။ ၎င်းသည် မိမိမသိဖူး မကြားဖူးသောအရပ်၊ ခရစ်တော်ဦးဆောင်ပို့ဆောင်သောအရပ်သို့ လိုက်လျှောက်စဥ် ကြုံရသည့်ဒုက္ခထက်ပင် ပိုဆိုးပါသည်(:၆-၈၊ ၁၂)။ ကျွန်မတို့၏ အနာဂါတ်အတွက် ဘုရားသခင်အပေါ် စိတ်နှလုံးအကြွင်းမဲ့ စိတ်ချကိုးစားနိုင်ပါ၏ (:၁၂)။ MONICA BRANDS