၁၈၄၀ ပြည့်နှစ်များအတွင်း လျှပ်စစ်နာရီကို တီထွင်သည့်အချိန်မှစ၍ အရာများစွာ ပြောင်းလဲခဲ့သည်။ ယနေ့ခေတ်တွင် အချိန်ကို စမတ်နာရီ၊ စမတ်ဖုန်း၊ လက်ဆွဲကွန်ပြူတာ စသည်တို့အားဖြင့် သိနိုင်သည်။ “ပျင်းရိပျင်းတွဲ” လှုပ်ရှားမှုများသည်ပင် အရှိန်မြင့်လာပြီး ဘဝ၏အမြန်နှုန်းသည် လျှင်မြန်လာသယောင် ထင်ရသည်။ မြို့ပြများတွင် ထိုအတိုင်း အမှန်ပင်ဖြစ်ပျက်နေပြီး ကျန်းမာရေးအတွက် ဆိုးကျိုး သက်ရောက်နိုင်သည်ဟု ပညာရှင်များက ပြောကြသည်။ “ကျွန်ုပ်တို့သည် အမြန်လိုလျက် တတ်နိုင်သမျှ ဖုန်းဖြင့်သာ လူအများနှင့် ပြောဆိုဆက်ဆံကြသည်။ ကိစ္စအားလုံးက အခုချက်ခြင်းပဲ ထဖြစ်ရ​တော့မလိုလို အတွေးဝင်မိတယ်”ဟု ပရောဖက်ဆာ ရစ်ချက်ဝှိုက်စ်မင်းက လေ့လာသုံးသပ်သည်။

သမ္မာကျမ်း၏ ရှေးအကျဆုံးကျမ်းတစ်ကျမ်း ဖြစ်သည့် ဆာလံကျမ်းတွင် မောရှေရေးသားခဲ့သည့် ဆာလံ ၉၀ ၌ အချိန်နှင့်ပတ်သက်ပြီး ထင်ဟပ်သုံးသပ်ထားသည်။ ဘုရားသခင်သည် ဘဝ၏အမြန်နှုန်းကို ပဲ့ကိုင်ထိန်းကျောင်း ကြောင်း သတိပေးလျက် “ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့ လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်းဖြစ်ပါ၏” (ဆာ ၉၀:၄)ဟု ရေးသားခဲ့ သည်။

ထို့ကြောင့် အချိန်ကို စီမံခန့်ခွဲရာတွင် မြန်မြန်လုပ်၊ (သို့) နှေးနှေးလုပ်ပုံစံဖြင့် သွားရန်မဟုတ်ဘဲ ဘုရားသခင်၌တည်လျက် ကိုယ်တော်နှင့်တိုး၍ အချိန်ယူရန်ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့ကို ဖန်ဆင်းသူ (၁၃၉:၁၃)၊ ကျွန်ုပ်တို့၏ရည်ရွယ်ချက်နှင့် အကြံအစည် များကို သိသူ (:၁၆)ကိုယ်တော်နှင့် ရှေးဦးစွာ အမြင်ချင်းတစ်ထပ်တည်းကျပြီးမှ ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး အချင်းချင်း သဟဇာတဖြစ်လိမ့်မည်။

လောက၌ ရှင်သန်ရချိန်မှာ ထာဝရ မတည်မြဲပါ။ နာရီကိုသာ ကြည့်နေမည့်အစား ဘုရားသခင်ံထံ နေ့ရက်တိုင်းကိုအပ်နှံခြင်းဖြင့် အချိန်ကို ကျွန်ုပ်တို့ အမြော်အမြင်ရှိရှိ စီမံနိုင်ပါသည်။ မောရှေပြောထားသကဲ့သို့ “အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိ မည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ” (ဆာ ၉၀:၁၂)။ ထို့နောက်တွင် ကျွန်ုပ်တို့၏အသက်တာသည် ယခုမှစ ထာဝရအမြဲပင် ဘုရားသခင်နှင့်အတူ အချိန်မှန် ဖြစ်နေလိမ့်မည်။ Patricia Raybon