မည်သည့်လက်မှုအနုပညာမဆို ကျွမ်းကျင်လာအောင်လေ့ကျင့်ရန် လိုအပ်သည့်အချိန်မှာ နာရီပေါင်းတစ်ထောင်ဟု မယ်လ်ကွန် ဂလက်ဝဲလ် က အကြံပြုသည်။ ကြီးမြတ် ကျော်ဇောသည့် ပန်းချီဂီတပညာရှင်များပင်လျှင် သူတို့၏မွေးရာပါ ပါရမီစွမ်းရည် သက်သက်နှင့် ကျွမ်းကျင်ပညာရှင်အဆင့်သို့ ရောက်ရှိရန် မလုံလောက်သေးပါ။ နေ့ရက် စဥ်တိုင်းတွင် ထိုအနုပညာ၌ ဘဝကို နှစ်မြှုတ်ထားရသည်။

ထူးဆန်းကောင်းထူးဆန်းနေမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုး၌ အသက်ရှင်ရန် သင်ယူရခြင်း သည်လည်း အလားတူ အမြင်သဘောထားရှိရန် လိုအပ်သည်။ ဂလာတိသြဝါဒစာ၌ ဘုရားသခင်အတွက် သီးသန့်အချိန် ဖယ်ထားရန် ရှင်ပေါလုက အသင်းတော်သို့ တိုက်တွန်း အားပေးသည်။ သြဝါဒတရားတော်များကို နာခံရုံမျှဖြင့် မပြီးကြောင်း၊ ယင်းအစား သန့်ရှင်းသော ဝိညာဉ်ပကတိအတိုင်း ကျင့်ရန်ဖြစ်ကြောင်း ရှင်ပေါလုက ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ဝိညာဥ်​တော်၌ လျှောက်လှမ်းရန် ကိုယ်တော်​တောင်းဆိုသည်။ ဂလာ ၅:၁၆ တွင် ဝိညာဥ်ပကတိအတိုင်းကျင့်ခြင်း၊ “လိုက်လျှောက်ခြင်း”ဟူသည့် စကားလုံးအတွက် ပေါလုအသုံးပြုထားသော ဂရိဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ တစ်ပတ်ပြီးတစ်ပတ် ပတ်နေခြင်း (သို့) ခရီးသွားခြင်း (peripateo) ဖြစ်သည်။ သို့ဖြစ်၍ ပေါလုအတွက် ဝိညာဉ်တော်နှင့် လိုက်လျှောက်ခြင်းသည် ဝိညာဉ်တော်နှင့် နေ့တိုင်းသွားလာခြင်းဖြစ်သည်။ ဝိညာဉ်တော်၏ တန်ခိုးတော်ကို တစ်ကြိမ်တစ်ခါ မြည်းစမ်းတွေ့ကြုံရန်သာ မဟုတ်ပါ။

ဝိညာဉ်တော်က အကြံပေး၊ ဦးဆောင်လမ်းညွှန်၊ နှစ်သိမ့်ပေးသည်သာမက ကျွန်ုပ်တို့နှင့်အတူရှိပေရာ၊ ဝိညာဉ်တော်၏လုပ်ဆောင်မှုကို ဝန်ခံလျက် နေ့ရက်တိုင်း
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ရန် ကျွန်ုပ်တို့ဆုတောင်းကြပါစို့။ “ဝိညာဉ်ပကတိ အလိုသို့လိုက်ခြင်းဖြင့်” (:၈) ကိုယ်တော်၏အသံတော်ကို ပို၍ပို၍ ရှင်းလင်းစွာကြားရပြီး သူ၏ဦးဆောင်မှုနောက်သို့ ကောင်းကောင်းလိုက်နိုင်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၊ ယနေ့နှင့် နေ့စဉ်ရက်တိုင်း ကိုယ်တော်နှင့်အတူ လျှောက်လှမ်းခွင့်ပေး တော်မူပါ။ PETER CHIN