ကျွန်တော်၏ခွေးလေး မက်စ်သည် တစ်ခါတစ်ရံ ဂရုစိုက်ခံချင်သည့်အခါ ကျွန်တော့်ပစ္စည်း တစ်ခုခုကိုယူလာပြီး ကျွန်တော့်ရှေ့၌ လမ်းလျှောက်ပြတတ်သည်။ တစ်မနက်တွင် ကျွန်တော်က ကျောပေးပြီး စားပွဲ၌ စာရေးနေစဉ် မက်စ်သည် ကျွန်တော့် ပိုက်ဆံအိတ်ကို ကိုက်ချီပြီး ထွက်ပြေးသွားသည်။ သို့သော် ကျွန်တော်မတွေ့ဟု သူသိပြီး ပြန်လာကာ ကျွန်တော့်ကို သူ့နှာခေါင်းနှင့် ပွတ်သီးပွတ်သပ်လုပ်သည်။ ပိုက်ဆံအိတ်ကို ကိုက်လျက်သား၊ မျက်လုံးက မြူးဟန် ပေါက်လျက် အမြီးနှံ့လျက် ကျွန်တော့်ကို လာစသည်။

မက်စ်၏ကိုးယို့ကားယားပုံစံကို ကျွန်တော် ရယ်မိ သည်။ သို့သော် အခြားသူများကို ဂရုစိုက်ရန် အကြောင်း ပေါ်လျှင် ကျွန်တော့်၏ပျက်ကွက်မှုကို ၎င်းအဖြစ်က သတိပေး လာသည်။ မိသားစု၊ မိတ်ဆွေများနှင့် အချိန်ယူရန် ကျွန်တော် မကြာခဏ ကြံရွယ်သော်လည်း၊ အခြားသောအမှုအရေးက ကျွန်တော့်အချိန်နှင့်အသိကို လွှမ်းမိုးထားသည်။ ထိုကြောင့် သတိမမူ အမှတ်တမဲ့ဖြစ်ပြီး၊ မေတ္တာပြရန် ပျက်ကွက်ပြန်တော့သည်။

ကောင်းကင်ဘုံရှင်အဘဘုရားသည် ကြီးမြတ်တော်မူခြင်းကြောင့် အရင်းနှီး အကျွမ်းဝင်ဆုံး နည်းလမ်းများဖြင့် ကျွန်တော်တို့အသက်ရှင်နေသရွေ့၊ အဆုတ်တွင်းသို့ အသက်ရှူသွင်းလိုက်ခြင်းကအစ ကျွန်တော်တို့ကို ဂရုစိုက်နိုင်ကြောင်း သိရခြင်းက နှစ်သိမ့် သက်သာရာဖြစ်သည်။ သူ့လူမျိုးအား “သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင် ငါသည် ထိုသို့သောသူဖြစ်၍ သင်တို့ကိုဆောင်ရွက်၍ ကယ်တင်ကြလိမ့်မည်” (ဟေရှာ ၆:၄) ဟု ကတိပေးထားသည်။

ကျွန်တော်တို့အတွက် ဘုရားသခင် သတ်မှတ်ပြင်ဆင်သောအချိန်ရှိသည်။ မည်မျှပင် ရှုပ်ထွေးခက်ခဲလည်း ကျွန်တော်တို့၏အခြေအနေကို ဘုရားရှင်အသေးစိတ် သိမြင်သည်။ သူ့ထံဆုတောင်းလျှောက်တိုင်း ကိုယ်တော်ရှိတော်မူ၏။ ကြားတော်မူ၏။ ကယ်တင်ရှင်၏ အကန့်အသတ်မဲ့သောမေတ္တာတော်ကိုခံယူရန်အတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေစရာအကြောင်း မရှိပါ။ JAMES BANKS