‌နောက်တီးနောက်တောက်လုပ်တတ်သော ပန်းချီဆရာ ဘဲန့်စီသည် လက်တွေ့ကျကျ ပြက်လုံးတစ်ခု ထုတ်ခဲ့သည်။ သူ၏ “ပူဖောင်းနှင့်မိန်းကလေး” ပန်းချီကားကို လန်ဒန်ရှိ စိုဘီ လေလံပွဲတွင် ပေါင်တစ်သန်းနှင့် ရောင်းချခဲ့သည်။ လေလံပစ်သူက “ရောင်းပြီး” ဟု အော်ပြီး ခဏအကြာ သတိပေးသံထွက်ပေါ်လာပြီး ပန်းချီကားသည် ဘောင်အတွင်း အောက်ခြေ၌ တပ်ဆင်ထားသည့် စက္ကူဖြတ်စက်အတွင်းသို့ တစ်ဝက်လောက် ကျဆင်းသွားသည်။ ဘဲန့်စီ က ပျက်စီး သွားသော သူ၏လက်ရာမြောက်ပန်းချီကားကို အလန့်တကြား မှင်သက်စွာကြည့်နေသည့် လေလံပစ်သူများ၏ ဓာတ်ပုံကို “သွားပြီ၊ သွားပြီ၊ ကုန်ပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် တွစ်တာပေါ် တင်ခဲ့သည်။

ကြွယ်ဝခြင်းစည်းစိမ်၏လှည့်စားမှုအ​ပေါ် လူတို့၏ တုံ့ပြန်မှုကို ဘဲန့်စီ သဘောခွေ့သွားသည်။ သို့သော် သူက စိတ်အနှောင့်အယှက်မဖြစ်ပါ။ ကြွယ်ဝခြင်းစည်းစိမ်သည် လှည့်စားခြင်းသဘောရှိပြီးသားဖြစ်သည်။ ဘုရားသခင်က “ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ … ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြု သင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံတတ်၏” (:၄-၅) ဟု မိန့်ကြားသည်။

ငွေကြေးထက်ပိုပြီး လုံခြုံမှုပေးနိုင်သည့်အရာမရှိပါ။ ကျွန်ုပ်တို့သည် ငွေကို ကြိုးစားရှာဖွေသည်။ သို့သော် ဤငွေများလွယ်ကူစွာဆုံးရှုံးသွားနိုင်သည့် လမ်းများစွာရှိသည်။ ရင်းနှီးမြှုပ်နှံမှု အရှုံးပေါ်နိုင်သည်။ ငွေကြေးဖောင်းပွနိုင်သည်။ ငွေတောင်းခံလွှာများ ပေးချေရသည်။ သူခိုးဓားပြရန်၊ မီးဘေး၊ ရေဘေး … စသည့် ဘေးအန္တရာယ်များ ကြုံရနိုင်သည်။ ကျွန်ုပ်တို့ ငွေကြေးစုဆောင်းလျက် စီမံခန့်ခွဲသော်လည်း သုံးရင်းသုံးရင်း ငွေကအတောင်ပေါက်ကာ ပျောက်ကုန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သင့်ဘဝက သွားပြီ၊ သွားပြီ၊ ကုန်သွားပြီဟုသာ ပြောရတော့သည်။

သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ ရှေ့ဆက်အပိုဒ်ငယ်များတွင် ဘုရားသခင်က ကျွန်ုပ်တို့အား “တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘောရှိစေလော့။ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရ” (:၁၇-၁၈) ဟု ပြောထားသည်။ သခင်ယေရှု၌ သင့်အသက်တာကို ရင်းနှီးမြှုပ်နှံပါ။ သူတစ်ဉီးတည်းသာလျှင် သင့်ကို ထာဝရတည်စေမည်ဖြစ်သည်။ MIKE WITTMER