ကမ္ဘာ့အမြန်ဆုံး မျက်မမြင်အပြေးသမား ဒေးဗစ်ဘရောင်း ၏အောင်မြင်မှုအတွက် အမေရိကန် မသန်စွမ်းသူများ အားကစားအဖွဲ့မှ ဘုရားသခင်အား ချီးမွမ်းသည့်ပွဲတွင် (ထိုင်ချည်းမနေနဲ့) ဟု လက်ဦး အကြံပေးခဲ့သည့်သူ့မိခင်နှင့် အတွေ့အကြုံရင့်ကျက်သည့် သူ၏နည်းပြ စစ်ပြန် ဂျရုမ်းအေဗရီ တို့ကိုပါ ဂုဏ်ပြုခဲ့သည်။ နည်းပြကြီးနှင့် ဘရောင်း တို့သည် ၎င်းတို့၏လက်ချောင်းကလေးများကို အပ်ချည်ကြိုး ရှည်ရှည်နှင့်ချည်လျက် လှန်ထားပြီး အေဗရီက စကားဖြင့် ဖြစ်စေ၊ ထိတွေ့ခြင်းအားဖြင့်ဖြစ်စေ သူအောင်မြင်ခဲ့သည့် ပြိုင်ပွဲအတွက် ပြသညွှန်ကြားပေးခဲ့သည်။

မီတာ ၂၀၀ ပြေးပွဲတွင် ပြေးလမ်းကြောင်း ကွေးနေသည့်နေရာများတွင် “ခြေလှမ်းကျဲကျဲ”နှင့် မြန်မြန် သွက်သွက် လှုပ်ရှားခဲ့သည့် ဘရောင်းက “အဓိကအားဖြင့် ဆရာ အချက်ပြသင်ကြားပေးတာကို နားထောင်ဖို့ပါပဲ။”… “နေ့စဉ် နေ့တိုင်း ပြိုင်ပွဲနည်းဗျူဟာတွေကို ကျွန်တော်တို့အတူ လေ့လာ ကြတယ်”…“စကားနဲ့ဖြစ်ဖြစ်၊ အချက်ပြတာမျိုးနဲ့ဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြတယ်” ဟု ပြောပြသည်။

ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာပြေးပွဲတွင် ဘုရားသခင်၏လမ်းညွှန်မစမှု ကောင်းချီးကို ခံယူရရှိထားသည်။ နောက​်တော်သို့ လိုက်လျှောက်သည့် ကျွန်ုပ်တို့၏ ခြေလှမ်း များကို ကျွန်ုပ်တို့အား ကူညီမစသူ သန့်ရှင်းသောဝိညာဉ်တော်က ပဲ့ပြင်ပေးသည်။ ရှင်ယောဟန်က “သင်တို့အား မှောက်မှားလမ်းလွဲစေရန် ကြိုးစားသူတို့၏အကြောင်းနှင့် ပတ်သက်၍ … ငါစာရေးလိုက်၏(၁ ယော ၂:၂၆ -ခေတ်သုံး)။ … ဝိညာဥ်​တော်သည် သင်တို့ စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေသမျှကာလပတ်လုံး သင်တို့အား အခြားအဘယ် အရာမျှ သွန်သင်ပေးစရာမလို။ … ကိုယ်တော်၏ဝိညာဥ်တော်သည် သင်တို့အား ခပ်သိမ်းသောအမှု အရာတို့ကို သွန်သင်ပေး​တော်မူသောကြောင့် ဖြစ်၏ (:၂၇-ခေတ်သုံး)” ဟု ရေးသားခဲ့သည်။

ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သူများဖြစ်သည့် “အန္တိခရစ်” များ(:၂၂)နှင့် ရင်ဆိုင်တွေ့ဆုံရသော ယုံကြည်သူများအား ဤအသိပညာတော်ကို ပေးလျက် ရှင်ယောဟန်က ဖိအားပေးတိုက်တွန်းခဲ့သည်။ ယခုကာလတွင်လည်း ထိုကဲ့သို့ ကြုံတွေ့ ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော် ခရစ်တော်နောက်တော်သို့ လိုက်လျှောက်ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့ကို ဦးဆောင်လမ်းညွန်ပြနေသည်။ အမှန်တရားဖြင့် ထိတွေ့ရန်၊ လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိအောင် စောင့်ထိန်းပါမည့်အကြောင်း ဝိညာဥ်တော်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချကိုးစားနိုင်ပါသည်။ PATRICIA RAYBON