ငယ်ရွယ်သောဖခင်ခမျာ အကြပ်ရိုက်နေသည်။ “ရေခဲမုန့်၊ ရေခဲမုန့်” ဟု တော့တီး တော့တ လမ်းလျှောက်တတ်စ သူ့ကလေးငယ်က အော်လိုက်သည်။ လူများကြပ်ညှပ်လျက်ရှိသည့် ကုန်တိုက်ထဲတွင် ဈေးဝယ်နေသူများက ထိုကလေးငယ်၌ အာရုံစိုက်နေကြသည်။ “အေးပါ။ မေမေ့ကို အရင်ကူညီလိုက်အုံးမယ်။ ဟုတ်ပြီလား” ဟု ပြောသော်လည်း “မရဘူး။ မရဘူး။ ရေခဲမုန့်ဝယ်ပေး”ဟု ဂျီကျနေသည်။ ထိုအခိုက် စလင်းဘက်အိတ်နှင့် ရှုးဖိနပ်တို့ကို အရောင်လိုက်ဖက်စွာ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ကလေးကို ကူထိန်းပေးရာ “သူအရမ်းစိတ်ဆိုးနေတယ်” ဟု ကလေး၏ဖခင်က ပြောသည်။ “အမှန်တော့ ရှင့်ကလေးက စိတ်အရမ်းဆိုးနေတယ်လို့ ထင်ရတာပါ။ သူငယ်ငယ်လေးပဲ ရှိသေးတယ်ဆိုတာ မမေ့နဲ့လေ။ သူ့အနားမှာ စိတ်ရှည်ရှည်နဲ့ နီးနီးကပ်ကပ်နေဖို့ပဲ သူလိုချင်တာ” ဟု ပြောလိုက်သည်။ ထိုအခြေအနေကို မျက်လှည့်ပြသလို အခုချက်ချင်း ဖြေရှင်း၍ မရပါ။ ဖခင်နှင့်သားငယ်၏ကြားတွင် ခေတ္တခဏအချိန်ယူပြီး သွေးအေးအေးဖြင့် ပြေလည်စေရန်ဖြစ်သည်။

အမြော်အမြင်နှင့်ပြည့်စုံသည့် ထိုအမျိုးသမီး၏စကားကို ဆာလံ ၁၀၃ တွင် တွေ့ရပါသည်။ ဒါဝိဒ်က “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ် သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏” ဟု ရေးသားခဲ့ သည် (:၈)။ သူကဆက်လက်၍ လောကဖခင်များသည် “သူ၏သားသမီးတို့ကို သနားစုံမက် သည်” နည်းတူ၊ “ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏” ဟုရေး သားခဲ့သည် (:၁၃)။ ထာဝရအဘဘုရားသခင်သည် “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” (:၁၄)။ ကျွန်ုပ်တို့သည် အလွန် သေးငယ်၍ ပျက်စီးလွယ်သည်ကို ကိုယ်တော်သိသည်။

ကျွန်ုပ်တို့သည် မကြာခဏအရှုံးနှင့်ရင်ဆိုင်ရတတ်သည့်အပြင် ဤကမ္ဘာကြီး၏ ကြောက်မက်ဖွယ်ရာများကြောင့် အလွန်တုန်လှုပ်ခြောက်ခြားရသည်။ အဘဘုရားသခင်၏ စိတ်ရှည်ခြင်း၊ ထာဝစဉ်အမြဲအတူရှိနေခြင်း၊ သူ၏ချစ်ခြင်းမေတ္တာဖြင့် ပတ်စည်းထားခြင်း တို့သည် အလွန်တရာအံ့သြဖွယ်ရာ လုံခြုံစိတ်ချရာပင် ဖြစ်​တော့သည်။ JOHN BLASÉ