အခြားသူများနည်းတူ ကျွန်မ၏အိမ်နီးချင်းများသည် အခြားအိမ်နီးချင်းများနှင့် အလွယ်တကူ ဆက်သွယ်နိုင်ရန်အတွက် ဝက်ဘ်ဆိုက်ကို အသုံးပြုကြသည်။ ကျွန်မ၏ ရပ်ကွက်ဝန်းကျင်တွင် အဖွဲ့ဝင်များက ခြင်္သေ့များကို တွေ့ကြောင်း အချင်းချင်းကို သတိပေး သည်။ တောမီးအန္တရာယ်မှလွတ်အောင် တိမ်းရှောင်ရမည့် အမိန့်စာများအကြောင်း သတင်း ပေးသည်။ လိုအပ်မှုရှိလျှင် ရှိသလို ကလေးကူထိန်းပေးသည်။ ယုတ်စွအဆုံး မိမိ၏အိမ်မွေးတိရိစ္ဆာန် ပျောက်လျှင်ပင် ကူညီ ရှာဖွေပေးကြသည်။ အင်တာနက်၏အစွမ်းကို မြှင့်တင် အသုံးပြုခြင်းဖြင့် မိမိ၏အနီးအနားဝန်းကျင်တွင် အတူ နေထိုင် ကြသူများသည် ယနေ့ အလျင်လိုသော လောကကြီးတွင် ပျောက်ဆုံးနေသည့် ဆက်သွယ်ချိတ်ဆက်မှုကို ပြန်လည် ရရှိခဲ့ ကြသည်။

ရှောလမုန်မင်းကြီးခေတ်ကတည်းကပင် အိမ်နီးနားချင်းများနှင့် ဆက်သွယ် ဆက်ဆံရေးသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ မိသားစုပေါက်ဖော်၏ ဆက်ဆံရေး သည် အမှန်တကယ်အရေးကြီးပြီး ကြီးမားသောအထောက်အပံ့ဖြစ်သည် မှန်သော်လည်း အဆွေခင်ပွန်းနှင့် ဆက်ဆံရေးသည် အထူးအဖြင့် အမှုရောက်သောအချိန်တွင် အရေးကြီး ကြောင်း ရှောလမုန်မင်းကြီး ဖော်ပြခဲ့သည် (သု ၂၇:၁၀)။ ဆွေမျိုးသားချင်းများက မိသားစုဝင်တို့အပေါ် စိတ်ရောကိုယ်ပါ ဂရုစိုက်သည်။ အခက်ပြဿနာကြုံချိန်တွင် အမှန်ပင် ကူညီပေးပါသည်။ သို့သော် အဝေးတစ်နေရာ၌ ရှိနေပါက ပြဿနာများကြုံရလျှင် လတ်တလောတွင် ထိရောက်သော အကူအညီကို သူတို့ပေးနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် အိမ်နီးချင်းများမှာ အနီးတွင် ရှိနေသောကြောင့် လိုအပ်သည်များကို အလွယ်တကူသိရှိကာ အမြန်ဆုံး ကူညီစောင့်ရှောက်နိုင်မည်ဖြစ်သည်။

နည်းပညာ၏အကူအညီဖြင့် ကမ္ဘာတစ်ဖက်ခြမ်းရှိ ချစ်ရသူမိသားစုများကို အလွယ်တကူ ဆက်သွယ်နိုင်သောကြောင့် မိမိအနီးတွင်နေသူ အိမ်နီးချင်းများကို မျက်ကွယ်ပြုရန် ကျွန်ုပ်တို့သွေးဆောင်ခံရတတ်ပါသည်။ သခင်ယေရှုဘုရား၊ ကျွန်ုပ်တို့ အနီးအနားတွင် ကိုယ်တော် နေရာချထားသည့်လူများနှင့် ရင်းနှီးပေါင်းသင်းဆက်ဆံရေးကို အချိန်ပေး တည်ဆောက်နိုင်ရန် ကျွန်ုပ်တို့ကို ကူမတော်မူပါ။ KIRSTEN HOLMBERG