စာရေးဆရာ မာတင်လတ်ဒ် သည် လမ်းလျှောက်ထွက်စဥ် တယ်ရီယာခွေး ၄ ကောင်နှင့် လူကြီးတစ်ဦးကို မကြာမကြာဆုံသည်။ ခွေးသုံးကောင်မှာ ကွင်းပြင်ကျယ်ကြီးထဲတွင် မြူးတူးခုန်ပေါက်နေပြီး ကျန်တစ်ကောင်မှာ သခင့်အနား၌သာ လှည့်ပတ်ရှိနေတတ်သည်။ လတ်ဒ် က ထိုအခြေအနေကို သိလိုသောကြောင့် တစ်နေ့တွင် ထိုသခင်ကို မေးလိုက်ပါသည်။ ခွေးပိုင်ရှင်က ထိုခွေးလေးသည် အချိန်အတော်ကြာ လှောင်ချိုင့်ထဲ၌ နေခဲ့ရသည့်ဘ၀မှ ၎င်းကို ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။ ၎င်းအား အလုံပိတ်လှောင်ချိုင့်ထဲ ထည့်ထားသကဲ့သို့ပင် ထိုခွေးလေးသည် ဆက်လက်လှည့်ပတ်နေခြင်းဖြစ်သည်။

ဘုရားရှင်သာ မကယ်တင်ခဲ့ပါက ကျွန်ုပ်တို့လည်း မျှော်လင့်ချက်မဲ့ကာ လှောင်ပိတ်နေမည်ဖြစ်ကြောင်း နှုတ်ကပတ်တော်တွင် ဖော်ပြထားသည်။ ဆာလံဆရာကရန်သူများ၏ဖိစီးနှိပ်စက်မှု၊ သေခြင်းကြိုးတို့၏ဝိုင်းရံခံရမှုအကြားတွင် ကြောက်လန့်နေရ ကြောင်း (ဆာ ၁၈:၄-၅)၊ ပိတ်လှောင်ကာ ထိန်းချုပ်ခံနေရသောကြောင့် သူက ဘုရားသခင် ထံမှ ကူညီမစမှု တောင်းခံခဲ့သည်(:၆)။ ထိုအခါ အထက်အရပ်မှ လက်တော်ကိုဆန့်ပြီး “င့ါကို ဆယ်ယူတော်မူ၏” (:၁၆)။

ဘုရားရှင်သည် ကျွန်ုပ်တို့ကို ထိုနည်းအတိုင်း ကယ်တင်နိုင်ပါသည်။ တုတ်နှောင်ထားသော ချည်နှောင်ကြိုးများကို ချိုးဖျက်ကာ လှောင်အိမ်ထဲမှ လွတ်မြောက် စေနိုင်ပါသည်။ ထို့နောက် ကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူမည်ဖြစ်သည်(:၁၉)။ ကျဥ်းမြောင်းသောနေရာ၌ ယခင်အကျဉ်းကျနေသကဲ့သို့ ဝ​ေ့လည်လှည့်ပတ်နေခြင်းမှာ မည်မျှဝမ်းနည်းဖွယ်ကောင်းပါသနည်း။ ဘုရားရှင်၏တန်ခိုးတော်ဖြင့် ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်း၊ ရှက်ကြောက်ခြင်း၊ ဖိနှိပ်ခံရခြင်းများ၏ချုပ်နှောင်မှုကို ဆက်မခံရပါ စေနှင့်။ ကျွန်ုပ်တို့လွတ်မြောက်ပြီဖြစ်သည်။ သေခြင်းတရား၏လှောင်ချိုင့်ထဲမှ ဘုရားရှင် ကယ်တင်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့ လွတ်လပ်စွာဖြင့် ပြေးနိုင်ပါပြီ။ WINN COLLIER