ကျွန်တော့်အမေနဲ့ အကြာကြီးနေလို့ အမေထွက်သွားရော ဟု ကေစီက ပြောပါသည်။ ယခင် သခင်ယေရှုထံ သူ့အသက်တာကို မအပ်နှံမီက ကေစီ ၏ဘဝက မလှပခဲ့ပါ။ မူးယစ်ဆေးစွဲသဖြင့် သူချစ်ခင်ရသောသူများထံမှငွေများ၊ အိမ်မှပစ္စည်းများ ခိုးပြီး သာယာမှု ရှာခဲ့ကြောင်း သူပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ၎င်းသည် သူ၏အတိတ်ဘဝဖြစ်ပြီး၊ ယခုတွင် ထိုအခြေအနေမှ သန့်ရှင်းခြင်းသို့ ရောက်ခဲ့ပုံကို ခုနှစ် သက္ကရာဇ်အတိအကျနှင့် ပြန်ပြောင်းပြောပြနေပါပြီ။ သူနှင့်ကျွန်​ေတော် နှုတ်ကပတ်တော်ကို အတူလေ့လာကြသည့် အခါ အသက်တာပြောင်းလဲသူတစ်ဦးကို ကျွန်တော်မြင်ခဲ့ရသည်။

ရှင်မာကု ၅:၁၅ တွင် ယခင်က နတ်ဆိုးစွဲသူဘဝမှ အသက်တာပြောင်းလဲခဲ့သူအကြောင်းကို ဖော်ပြထားသည်။ ယခင် သူ၏ဝေဒနာ မပျောက်မီက အကူညီမဲ့၊ မျှော်လင့်ချက်မဲ့၊ အိမ်ယာမဲ့၊ ဘာလုပ်ရမှန်းမသိသည့်အဖြစ် စသည့် စကားလုံး များမှာ ထိုသူနှင့်ကွက်တိ (:၃-၅)။ သို့သော် သူ့အား သခင်ယေရှုလွတ်မြောက်စေသောအခါ ထိုအရာများ အားလုံး ပြောင်းလဲသွားသည်။ သို့သော် ကေစီ ၏ဘဝကတစ်မျိုး၊ သခင်ယေရှုနှင့်မတွေ့မီ သူ့ဘ၀က ပုံမှန်မဟုတ်ပါ။ သူ့အတွင်း၌ ရှုပ်ထွေးနေမှုများ အပြင်ပန်း၌ ပေါ်လွင်နေပုံက ယနေ့လူတို့တွေ့ကြုံခံစားရချက်နှင့် ထူးမခြားနား၊ အတူတူပင် ဖြစ်သည်။ နာကျင်ခံစားရသူအချို့က စွန့်ပစ်ထားသောအဆောက်အအုံများ၊ ယာဉ်ပျက်များ သို့မဟုတ် အခြားတစ်​ေနေရာရာတွင် နေထိုင်ကြသည်။ အချို့မှာ သူတို့၏ ကိုယ်ပိုင်နေအိမ်များ၌ နေထိုင်ကြသော်လည်း စိတ်ခံစားမှုနှင့် အကျဥ်းကျလျက် တစ်ဦးတည်း အဖော်မဲ့ ဖြစ်နေသည်။ နှလုံးသားနှင့်စိတ်တွင် မမြင်ရသောကြိုးများ၏ ချုပ်နှောင်မှုကြောင့် အခြားသူများနှင့် ဝေးဝေးကင်းကင်း နေသည်အထိ ဖြစ်သွားသည်။

သခင်ယေရှုအားဖြင့် အတိတ်နှင့်ပစ္စုပ္ပန်ရှိ နာကျင်ခြင်းနှင့် ရှက်ကြောက်စရာများအတွက် စိတ်ချယုံကြည်နိုင်သောပုဂ္ဂိုလ်တစ်ပါးရှိသည်။ လေဂေါင်နတ်ဆိုးစွဲသူနှင့် ကေစီ တို့အား ငြိမ်သက်ခြင်းချမ်းသာကို ပေးသကဲ့သို့ သူ့ထံသို့ ပြေး၀င်ခိုလှုံသူ အားလုံးအတွက် ကရုဏာမေတ္တာလက်တော်ဆန့်လျက် ကိုယ်တော် လက်ကမ်း စောင့်ကြိုနေပါသည် (:၁၉)။ ARTHUR JACKSON