ဂျွန် ဒွန်နီ၏ ခမ်းနားလှသည့် “Holly Sonnet 14” ကဗျာကိုဖတ်ပြီး “လျှပ်စီးနေတဲ့ ဓာတ်ကြိုးနဲ့ ထိလိုက်ရသလို ခံစားရတယ်” ဟု ပရောဖက်ဆာ ဟော်လီအော့ဒ်ဝေးက ပြောခဲ့သည်။ “ဒီကဗျာမှာ တစ်ခုခုဖြစ်ပျက်နေတယ်။… အဲဒါဘာလဲဆိုတာကို ကျွန်မ သိချင်တယ်”ဟု အတွေး၀င်ခဲ့သည်။ ထိုစဥ်က ဘုရားမရှိဟူသော ကမ္ဘာ့အမြင်ကို သူခံယူခဲ့သော်လည်း သဘာဝလွန်ဖြစ်နိုင်ခြေသဘောထားကိုလည်း ခံယူခဲ့ကြောင်း အော့ဒ်ဝေး ပြန်ပြောင်းအမှတ်ရခဲ့သည်။ နောက်ဆုံးတွင် ရှင်ပြန်ထမြောက်တော်မူ သော ခရစ်တော်၏အမှန်တကယ်ပြောင်းလဲနိုင်စွမ်းကို သူယုံကြည်လာသည်။

ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို သခင်ယေရှု တောင်ပေါ်သို့ ခေါ်သွားသည့် နေ့က “အသွင်ပြောင်းခြင်း”ဟုလူသိများကြသည့် အံ့ဖွယ်ခရစ်တော်၏ “အဝတ်တော် ပြောင်လက်” တောက်ပသွားပြီး ဧလိယနှင့်မောရှေတို့ပေါ်လာသည့်အဖြစ်ကို နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရသည့်သူတို့လည်း လျှပ်စီးနေသောဓာတ်ကြိုးနှင့်ထိပြီး ဓာတ်လိုက်သကဲ့သို့ ခံစားရပေမည် (မာ ၉:၃)။

တောင်ပေါ်မှပြန်ဆင်းလာပြီးနောက် သူသေခြင်းမှမထမြောက်မီ ထိုကိစ္စကို မည်သူ့ ကိုမှမပြောရန် တပည့်တော်များကို ရှင်ယေရှုမှာကြားသည်(:၉)။ သို့သော် “သေခြင်းမှ ထမြောက်ခြင်း”(:၁၀)က ဘာကိုဆိုလိုသည်ကို တပည့်တော်များ နားမလည်ခဲ့ပါ။

သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့ပါဝင်သည့် ကိုယ်တော်၏ကံကြမ္မာကို သူတို့ဉာဏ်မမီနိုင်၍ ရှင်ယေရှုအပေါ် သူတို့၏နားလည်ထားမှုမှာ စိတ်ပျက်ဖွယ် မပြည့်မစုံ ဖြစ်ခဲ့ သည်။ သို့သော် နောက်ဆုံးတွင် ရှင်ပြန်ထမြောက် တော်မူသောသခင်နှင့် တွေ့ဆုံလာမှုများက သူတို့ကို လုံးလုံးလျားလျားပြောင်းလဲပေးခဲ့သည်။ ပေတရု၏ အသက်တာနောက်ပိုင်း၌ သူကြုံခဲ့ရသည့် ခရစ်တော်၏အသွင်ပြောင်းခြင်း အကြောင်းကို သခင်၏ဘုန်းအာနုဘော်တော်ကို တပည့်တော်များပထမဆုံး ကိုယ်တိုင် မြင်ရသော” အချိန်ဟု ဖော်ပြခဲ့သည် (၂ ပေ ၁:၁၆)။

ပရောဖက်ဆာ အော့ဒ်ဝေးနှင့် တပည့်တော်များသင်ယူခဲ့ရသကဲ့သို့ ရှင်ယေရှု၏ တန်ခိုးတော်နှင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော် “လျှပ်စီးနေသောဓာတ်ကြိုး” ကို ကျွန်ုပ်တို့ တို့ထိမိပြီ။ ဤနေရာတွင် တစ်ခုခုဖြစ်ပျက်နေပါပြီ။ အသက်ရှင်တော်မူသော ခရစ်တော်က ကျွန်ုပ်တို့ကို လက်ယပ်ခေါ်နေပါသည်။ TIM GUSTAFSON