ခွဲစိတ်ကုသမှုအပြီးတွင် မေ့ဆေးဆရာဝန်ခ၊ ခွဲစိတ်ဆရာဝန်ခ၊ ခွဲစိတ်ခန်းခနှင့် ကိရိယာတန်ဆာ ပလာဖိုးတောင်းခံသည့်ပြေစာများ အဆက်မပြတ်ရောက်ရှိလာပါတော့သည်။ အရေးပေါ် ခွဲစိတ်ခန်းဝင်ခဲ့ရပြီးနောက် ဤအရာများကို ‌ဂျေးဆန်ရင်ဆိုင်နေရသည်။ ထိုအခြေအနေကို သင်လည်း နားလည်ကောင်းနားလည်ပါလိမ့်မည်။ သူက ‘အာမခံကြေးပေးပြီးနောက် ဒေါ်လာထောင်ချီပြီး အကြွေးတင်ခဲ့တယ်။ ဒီအကြွေးတွေ ကျေသွားတဲ့နေ့ကတော့ ဘဝကြီး သာယာပြီး ကျွန်တော်လည်း စိတ်အေးကျေနပ်နိုင်မယ်။ ကစားကွင်းက ပလတ်စတစ်မှဲ့ကောင် လေးတွေ အပေါက်က ထွက်လာတဲ့အခါ တုတ်နဲ့ အားပါးတရ ရိုက်ရတဲ့ Whack-a-mole ကစားနည်း ကစားနေရသလို ကျွန်တော် ခံစားနေရတယ်” ဟုသူညည်းမိသည်။

အချို့အချိန်များတွင် ဘဝကြီးသည် ထိုအတိုင်းဖြစ်နေတတ်ပါသည်။ တမန်တော်ကြီး ရှင်ပေါလုသည်လည်း ၎င်းကိုနားလည်သဘောပေါက်ခဲ့သည်။ သူက “ရှုတ်ချခြင်းကို လည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ” ဟုဆိုခဲ့သည် (ဖိ ၄:၁၂)။ သူ့ လျှို့ဝှက် ချက်ကားအဘယ်နည်း။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာကို ငါတတ်စွမ်းနိုင်၏” (:၁၃)။ မရောင့်ရဲနိုင်သောအချိန်များနှင့် ဘဝကို ရင်ဆိုင်ဖြတ်သန်းရစဥ် “ဤအချိန်တွင်မှမရောင့်ရဲလျှင် မည်သည့်အချိန်၌ သင်ရောင့်ရဲ မည်နည်း” ဟူသောစာလေးကို ကျွန်ုပ်ဖတ်မိသည်။ အလွန်တန်ခိုးပါသော သတိပေးစကား ပင်ဖြစ်သည်။ ယခုအချိန်အတွက် ရောင့်ရဲမှုမရှိပါက အခြားအခြေအနေတစ်ခုတွင်ဖြင့်… ဆိုသော အနေအထားတွင်လည်း ရောင့်ရဲနိုင်မည်ဟု မည်သို့တပ်အပ်ဆိုနိုင်မည်နည်း။

သခင်ယေရှုထံ ခိုနားတတ်ရန် မည်သို့သင်ယူနိုင်မည်နည်း။ ကောင်းသော အရာများ အတွက် ကျေးဇူးတင်ကာဝမ်းမြောက်ခြင်းလား။ သစ္စာတော်ရှင်အဘဘုရား အကြောင်းကို ပိုပြီးနားလည်အောင် သင်ယူခြင်းလား။ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ရင့်ကျက်ခြင်း လား။ ဘဝသည် မိမိနှင့်မဆိုင်၊ ဘုရားရှင်နှင့်သာသက်ဆိုင်ကြောင်း သိမှတ် ဝန်ခံခြင်းလား။ ကိုယ်တော်၌သာရောင့်ရဲခြင်းရှိရန် သွန်သင်ရန် တောင်းခံခြင်းလား။ မိမိ အာရုံစိုက်သော အရာပေါ်မူတည်ပြီး သခင့်ထံခိုနားတတ်ရန် သင်ယူနိုင်သည်။ ANNE CETAS