မေရီသည် သခင်ယေရှုကိုချစ်သော်လည်း သူ့ဘဝမှာခက်ခဲသည်။ အမှန်ပင်ခက်ခဲ ပါသည်။ သူ့သားနှစ်ယောက်သည် သူမထက် အရင်သေဆုံးခဲ့ပြီး မြေးနှစ်ယောက်မှာလည်း နှစ်ယောက်စလုံး သေနတ်သမား၏ဒါးစာခံများ ဖြစ်ခဲ့ရသည်။ မေရီကိုယ်တိုင်လည်း လေဖြတ်ကာ ကိုယ်တစ်ခြမ်းသေခဲ့သည်။ သို့တိုင် သူနလန်ထူစမှာပင် ဘုရားကျောင်း သို့သွားပြီး “ကျွန်မဝိညာဉ်သည် ကိုယ်တော့်ကိုချစ်ပါ၏။ နာမတော်ကို ကောင်းချီးပေး ပါ၏” ဟူသော ကြေကွဲစွာဖြင့် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။

မေရီ၏ဘုရားသခင်ကို ချီးမွမ်းခြင်းမတိုင်မီ ရှေးကတည်းကပင် ဒါဝိဒ်သည် ဆာလံ ၆၃ကို ရေးစပ်ခဲ့သည်။ ဆာလံသီချင်းအစတွင် ဒါဝိဒ်သည် သူယုဒတော၌ ရှိသောအခါစပ်ဆိုသောဆာလံဟု ဖော်ပြထားသည်။ နှစ်သက်စရာကျေနပ်စရာ မကောင်းရုံမက စိတ်ဓါတ်ကျဖွယ်အခြေအနေအချိန်မျိုးတွင်ပင် သူစိတ်မပျက်ခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် သူ့မျှော်လင့်ခြင်းသည် ဘုရားရှင်ထံ၌ တည်ရှိနေသောကြောင့် ဖြစ်သည်။ “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကိုငတ်ပါ၏”(:၁)။

သင့်ကိုသင်လည်း ခက်ခဲသောနေရာ၊ လမ်းညွန်မှုမသဲကွဲသော၊ လုံလောက် ပြည့်စုံသောထောက်ပံ့မှုမရှိသည့် အခြေအနေကြားတွင် ရောက်ရှိနေကောင်း ရှိနေလိမ့် မည်။ သက်သာမှုမရှိသော အခြေအနေများက ကျွန်ုပ်တို့ကို ရှုပ်ထွေး စေနိုင်သော်လည်း ကျွန်ုပ်တို့ကိုချစ်သောသူ (:၃)၊ ကျေနပ်စေသောသူ (:၅)၊ မစပေးနေသူ(:၇)၊ သူ့လကျာ် လက်တော်ဖြင့် ထောက်မပေးနေသူ (:၈)၊ ထိုပုဂ္ဂိုလ်ထံ၌ ဆည်းကပ်ပါက လမ်းမချော် နိုင်ပြီ။ အကြောင်းမူကာ ဘုရားရှင်၏မေတ္တာတော်သည် အသက်ထက် ပိုကောင်း သောကြောင့် မေရီနှင့်ဒါဝိဒ်တို့ကဲ့သို့ ကျွန်ုပ်တို့၏ကျေနပ်အားရမှုများကို နှုတ်ခမ်းဖြင့် ချီးမွမ်းကာ ဘုရားရှင်ကို ချီးမြောက်ရန် ဖြစ်ပါသည်(:၃-၅)။ARTHUR JACKSON