၁၉၈၅ ခုနှစ်တွင် ​ရေးဟင်တန်သည် စားသောက်ဆိုင် မန်နေဂျာနှစ်ဦးကိုသတ်ဖြတ်မှုဖြင့် တရားစွဲခံခဲ့ရသည်။ သူသည် မတရားချောက်ချခံရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားစဉ် သူသည် မိုင်ပေါင်းများစွာကွာဝေးသောနေရာတွင်ရှိနေသော်လည်း အပြစ်ရှိကြောင်း ထင်ရှားပြီး သေဒဏ်ပေးခံခဲ့ရသည်။ တရားခွင်တွင် ​ရေး သည် သူ့အကြောင်း လိမ်လည်ပြောဆိုသူများကို ခွင့်လွှတ်ပြီး မတရားမှုကိုမမှုဘဲ သူ၌ ဝမ်းမြောက်ခြင်း ပြည့်နေကြောင်းဖြည့်စွက်ပြောဆိုခဲ့သည်။ သူက “ကျွန်တော်သေသွားပြီးနောက် ကောင်းကင်ကိုသွားရမှာဖြစ်တယ်။ သင်ရော ဘယ်ကိုသွားမှာလဲ” ဟုပြောခဲ့သည်။

သေဒဏ်ပေးခံရသည့်ဘဝသည် ရေး အတွက် မလွယ်ပါ။ လျှပ်စစ်ကုလားထိုင်ဖြင့် အပြစ်ဒဏ်စီရင်ရာ၌ ထောင်မီးများက မှိတ်တုတ်မှိတ်တုတ်လင်းလျက် ထိုမီးရောင်က ရှေ့ဆက်ဘာဖြစ်မည်ကို အသိပေးနေသည်။ မုသားဖော်စက်ဖြင့် စစ်ဆေးခြင်းကို ရေး အောင်မြင်ခဲ့သော်လည်း ထိုရလဒ်မှာ လျစ်လျူရှုခံခဲ့ရသည်။ ၎င်းသည် သူ့အမှုကို ပြန်လည်စစ်ဆေးကြားနာစဉ်တွင် တွေ့ကြုံခဲ့ရသောမတရားမှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

နောက်ဆုံး၌ ၂၀၁၅ သောကြာနေ့ကြီးတွင် အမေရိကန် အထက်လွတ်တော် တရားရုံးမှ ရေး၏အမှုကို ပလပ်လိုက်သည်။ အနှစ် ၃၀ မျှ သူသည် သေဒဏ်စီရင်ချက် ကျသည့်စာရင်း၌ ရှိနေခဲ့သည်။ သူ့အသက်တာက ဘုရားရှင် အမှန်တကယ် တည်ရှိ ကြောင်းကို သက်သေပြသည်။ သခင်ယေရှု၌ရှိသောသူ့ယုံကြည်ခြင်းအားဖြင့် ရေးသည် တရားခွင်ကိုလွန်ကာ မျှော်လင့်ခြင်းများရှိခဲ့သည် (၁ပေ ၁:၃-၅)။ မတရားမှုများကြားတွင် လူအစွမ်းဖြင့် မရရှိနိုင်သောဝမ်းမြောက်ခြင်းကို ခံစားခဲ့ရသည် (:၈)။ သူပြန်လွတ်လာ ပြီးနောက် ရေးက “ကျွန်တော့်မှာရှိတဲ့ဝမ်းမြောက်ခြင်းကို ထောင်ကျရတဲ့အဖြစ်က ဘယ်လိုနည်းနဲ့မှ ဖျက်ဆီးလို့မရနိုင်ပါ” ဟု ပြောခဲ့သည်။ ထိုသို့သော ဝမ်းမြောက်ခြင်းသည် သူ၏ယုံကြည်ခြင်းစစ်မှန်ကြောင်း သက်သေပြနေသည် (:၇-၈)။

သေဒဏ်အတွက် ဝမ်းမြောက်ခြင်းလား။ လုပ်ဇာတ်ခင်းရန်လည်း မဖြစ်နိုင်ပါ။ ၎င်းသည် မျက်မြင်မရသော်လည်း ကျွန်ုပ်တို့၏အခက်အခဲများတွင် မစရန်အသင့်ရှိ သော ဘုရားရှင်ကို ညွှန်ပြနေပါသည်။ SHERIDAN VOYSEY