BBC video ဇာတ်လမ်းတွဲ The Life of Mammals series တွင် အစီအစဥ် တင်ဆက်သူ David Attenborough သည် ခြေချောင်းသုံးချောင်းရှိသော မျောက်မောင်းမများ၏ ရယ်စရာကောင်းသောပုံကို ဓါတ်ပုံရိုက်ရန် သစ်ပင်ပေါ်သို့ တက်ခဲ့သည်။ ထိုကမ္ဘာ့အနှေးဆုံး နို့တိုက်သတ္တဝါနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရ သောအခါ ‘ဝါး’ ဟုနှုတ်ဆက်လိုက်သည်။ မည်သည့်တုံ့ပြန်မှုမှမရပါ။ ထို မျောက်များသည် ကြေခဲသော၊ အာဟာရမဖြစ်သောအရွက်များကို အဓိကစားသုံးပြီး ရှင်သန်နေခြင်းကြောင့် ထိုသို့နှေးနေရခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

ဣသရေလလူများ၏သမိုင်းတွင် နှောင့်နှေးရခြင်းအကြောင်းရင်းနှင့် ပတ်သက်သည့် အခြားဥပမာတစ်ခုကို နေဟမိရှင်းပြသည်(၉:၉-၂၁)။ သို့သော် ဤဥပမာမှာ ရယ်စရာ ဟာသ မဟုတ်ပါ။ နေဟမိ၏စကားများအရ ဘုရားသခင်သည် အမျက်ထွက်ရာ၌ နှေးတော်မူခြင်းကား သူမတူအောင်နှေးပါသည်။ ဘုရားရှင်၏ သူ့လူမျိုးများအပေါ်ဂရုပြု ခြင်း၊ အသက်ကိုပေးသောပညတ်တော်များကို သွန်သင်ကာ အီဂျစ်ပြည်မှထွက်ခွာလာသည့် ခရီးစဉ်တွင် စောင့်ထိန်းမစပို့ဆောင်လျက် ကတိတော်ပြည်ကို ပြင်ဆင်ပေးခြင်း (:၉-၁၅) စသည့်တို့ကို နေဟမိပြန်ပြောင်းပြောပြသည်။ ဣသ‌‌ရေလလူများ အစဉ်ပုန်ကန်ထကြွ နေလည်း (:၁၆)၊ မည်သည့်အခါမျှ ဘုရားသခင်အချစ်မလျော့ခဲ့ပေ။ နေဟမိ ရှင်းလင်း ပြောပြသည်မှာ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဘုရားသည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံပြီး အပြစ်ကိုဖြေတတ်သောသဘော၊ စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသည်(:၁၇)။ သူ့လူမျိုးတော်၏စောဒကတက် မြည်တမ်းမှုများ၊ ငြင်းပယ်မှုများ၊ မယုံကြည်မကိုးစားမှုများကို နှစ်ပေါင်း ၄၀ ထိတိုင်အောင် အဘယ်ကြောင့် သည်းခံခဲ့ပါသနည်း(:၂၁)။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အထူးသဖြင့် သနားတော်မူတတ်သောဘုရား ဖြစ်သောကြောင့်တည်း (:၁၉)။

ကျွန်ုပ်တို့ရောမည်မျှသည်းခံနိုင်သနည်း။ ဒေါသပြင်းထန်ခြင်းသည် အေးစက် မာကြောသော နှလုံးသားကိုဖော်ပြသည်။ သို့သော် ဘုရားရှင်၏ကြီးမြတ်သော နှလုံးသား သည် သူနှင့်အတူစိတ်ရှည်သည်းခံခြင်းဖြင့် ဘဝရှင်သန်ရန်၊ သူ့ကိုချစ်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ MART DEHAAN