ဇင်ယော်ငှက်ငယ် ချီပီလေးသည် သူ့ခြေထောက်ကျိုးသွားစဉ်က သူ့ကို ဆေးကုပေးခဲ့သူ ဂျွန်ထံ နေ့စဉ် ၁၂ နှစ်တိုင် သွားရောက်ခဲ့သည်။ ဂျွန်က သူ့ကို ဘီစကစ် မုန့်လေးများကျွေးပြီး သူ့ထံခေါ်လျက် ပြန်လည်နေကောင်းလာသည်အထိ ပြုစုပေး ခဲ့သည်။ ချီပီသည် အင်္ဂလန်နိုင်ငံဒီဗွန်ဒေသရှိ အင်စတိုကမ်းခြေ၌ နေထိုင်သော်လည်း စက်တင်ဘာလမှမတ်လအတွင်းတွင် သူတို့နှစ်ဉီးမှာ တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ ရှာတွေ့ကြသည်။ ဂျွန်ကမ်းခြေသို့ ရောက်လာသည်နှင့် ချီပီက သူ့ထံ တည့်တည့်ပျံသန်းဆင်းသက်လာသည်။ အခြားသူများထံကိုဖြင့် သူမချဉ်းကပ်ပါ။ ၎င်းတို့၏ဆက်ဆံရေးက သာမန်မဟုတ်သည်မှာ သေချာပါသည်။

၎င်းတို့နှစ်ဉီး၏ဆက်ဆံပတ်သက်နှောင်ဖွဲ့မှုက လူနှင့်ငှက်အကြား တစ်မူထူး သည့် အခြားသောဆက်ဆံရေးတစ်ခုကို သတိရစေသည်။ ဘုရားသခင်၏ ပရောဖက် ဧလိယသည် မိုးခေါင်စဉ်အတောအတွင်း ​ခေရိတ်ချောင်းသို့ သွားရောက်ပုန်းရှောင် ခိုနေရန် “သင်သည် ဤအရပ်မှထွက်သွားလော့။ …ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍ နေလော့။ …ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည် အကြောင်း ငါမှာထားပြီ”(၃ ရာ ၁၇:၃-၄) ဟု ထာဝရဘုရားမိန့်တော်မူသည်။ ခက်ခဲဆိုးယုတ်သောအခြေအနေဝန်းကျင်ဖြစ်လင့်ကစား ဧလိယအတွက် လိုအပ်သော အစာရေစာကို ဘုရားရှင်ဖြည့်ဆည်းပေးခဲ့သည်။ သဘာဝအလျောက် မသဒီစရာ စားချင်ရာစားတတ်သည့် ကျီးအများသည် ဧလိယအတွက်အစာကို ယူဆောင်ပေး သည့် သတ္တဝါလေး ဖြစ်လာသည်။ မထင်ရပါ။

လူကငှက်ကို ကျွေးမွေးစောင်မခြင်းက အံဩစရာမဟုတ်။ သို့သော် ငှက်က “နေ့တိုင်း နံနက်တစ်ခါ၊ ညဉီးတစ်ခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ခြင်း” ကို ရှင်းပြရလျှင် ဘုရားသခင်၏တန်ခိုးတော်နှင့် ဂရုပြုမှုအားဖြင့်သာ ကျွန်ုပ်တို့နားလည်နိုင်လိမ့်မည် (:၆)။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ထောက်ပံ့ဖြည့်ဆည်းပေးမှုကို ဧလိယကဲ့သို့ ယံုကြည်စိတ်ချနိုင်ပါသည်။ KIRSTEN HOLMBERG