ကမ္ဘာစီးပွားပျက်ကပ်ဆိုက်ခဲ့စဉ်က အမေရိကန်ပြည်ထောင်စု၌ နံမည်ကျော်ဓာတ်ပံု ပညာရှင် Dorothea Lange သည် ဖလော်ရင့် အိုဝင်စ် သွန်မဆင်နှင့် သူ့သားသမီးများ၏ ဓာတ်ပံုကို အမှတ်တမဲ့ ရိုက်ယူခဲ့သည်။ ထိုဓာတ်ပံုက Migrant Mother အမည်ဖြင့် ထင်ရှားခဲ့ပြီး၊ ထိုပံုမှာ ပဲအထွက်မကောင်းသဖြင့် မိခင်တစ်ဉီး၏စိတ်ပျက်အားလျော့မှုကို ဖော်ကျူးသည်။ Lange သည် လယ်ယာစိုက်ပျိုးရေးရံုး၌ အလုပ်လုပ်နေစဉ်အတွင်း ထိုဓာတ်ပံုကို ကယ်လီဖိုးနီးယားပြည်နယ် နီပိုမို ဒေသ၌ ရိုက်ယူခဲ့ခြင်းဖြစ်ပြီး ရာသီအလိုက် သီးနှံစိုက်ပျိုးသူ တောင်သူများ၏ကယ်ရာမဲ့အခြေအနေကို တာဝန်ရှိသူများ သိရှိရန် သူမျှော်လင့်ခဲ့သည်။

ယေရမိမြည်တမ်းစကား၌လည်း စိတ်ပျက်အားလျော့ခြင်း ပံုရိပ်တစ်ခုပါရှိသည်။ ယေရုရှလင်မြို့ပျက်စီးချိန်၌ ယုဒ၏စိတ်ပျက်အားလျော့မှုပုံရိပ်ဖြစ်သည်။ နေဗုခနေဇာ မင်းကြီး၏စစ်တပ်က မြို့ကို ဝင်ရောက်မချေမှုန်းမီ၊ မြို့ကို ဝန်းရံပိတ်ဆို့ထားစဉ်ကပင် အစာရေစာခေါင်းပါးမှုနှင့် ပြည်သူတို့ရင်ဆိုင်ခဲ့ရသည် (၄ ရာ ၂၄:၁၀-၁၁)။ ထိုဆင်းရဲ ဒုက္ခသည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို မနာခံခြင်း၏ရလဒ်ဖြစ်သော်လည်း မြည်တမ်းခြင်းကျမ်းကိုရေးခဲ့သူက သူ့ပြည်သူများကိုယ်စား ဘုရားသခင်ထံအော်ဟစ် ခဲ့ခြင်းဖြစ်သည် (မြည် ၂:၁၁-၁၂)။

ဆာလံ ၁၀၇ ကို ရေးသူက ဣသရေလလူတို့၏သမိုင်း၌ (တော၌ နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ရချိန်အတွင်း (:၄-၅)) စိတ်ပျက်အားလျော့လျက် ကူရာမဲ့အခြေအနေကို ဖော်ပြရင်း ခဲယဉ်းဆိုးယုတ်ချိန်၌ပြုရမည့်အရာကို ဉီးတည်ဖော်ပြသွားသည်။ “ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍” (:၆)၊ အံ့ဩဖွယ်ရလဒ်မှာ ကိုယ်တော် သည် “ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ၏”။

စိတ်ပျက်အားလျော့နေပါသလား။ တိတ်ဆိတ်မနေပါနှင့်။ ဘုရားသခင်ထံ အော်ဟစ်ပါ။ ကိုယ်တော်ကြားတော်မူလျက် သင့်အားမျှော်လင့်ခြင်းကို ပြန်ပေးလိမ့်မည်။ ခက်ခဲသောအခြေအနေထဲမှ ကျွန်ုပ်တို့ကို ကိုယ်တော်အစဥ်အမြဲ မထုတ်ဆောင်သော်လည်း ကျွန်ုပ်တို့နှင့် အစဉ်အတူရှိရန် ကိုယ်တော်ကတိပေးပေသည်။ LINDA WASHINGTON