စစ်မှုထမ်းသွားနေသည့် ဖေဖေ့ထံမှ လက်ဆောင်ဘူးကို သူငယ်လေးက ဖွင့်လိုက်သည်။ ဖေဖေသည် သူ့မွေးနေ့အမီပြန်မရောက်နိုင်ဟု သူသိထားသည်။ ဘူးထဲ၌ နောက်ထပ် ထုတ်ပိုးထားသည့်လက်ဆောင်ကို သူထပ်ဖြည်ကြည့်ပြန်ရာ “အံ့ဩသွားလား” ဟူသည့် စာရွက်ကိုတွေ့ရ၍ ဘာမှန်းမသိနားမလည်နိုင်ဖြစ်သွားသည်။ သူ့ခေါင်းကို ပြန်မော့ လိုက်စဉ် အခန်းထဲဝင်လာသည့် ဖေဖေ့ကို တွေ့လိုက်ရသည်။ မျက်ရည်နှင့် ဖေဖေ့ လက်ပေါ်ခုန်တက်ရင်း “ဖေဖေ့ကိုသားလွမ်းလိုက်တာ၊ ဖေဖေ့ကို သားချစ်လိုက်တာ” ဟု သူငယ်လေးအော်ပြောလိုက်တော့သည်။

မျက်ရည်ဝဲရသော်လည်း ဝမ်းမြောက်ဖွယ်ပြန်လည်တွေ့ဆံုမှုလေးက အသစ်သော ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသားသမီးများ အဘခမည်းတော်နှင့် ပြန်လည်တွေ့ရမည့် ဘုန်းအသရေနှင့် ပြည့်သောအချိန်ကို မြင်ယောင်မိစေသည်။ ၎င်းကို ဗျာဒိတ် ၂၁ တွင် အဓိကဖော်ပြထားသည်။ “ဘုရားသခင်သည်”(ကျွန်ုပ်တို့) မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်ပေးမည်။ ကောင်းကင်ဘံုရှင်အဘနှင့်အတူရှိရမည်ဖြစ်၍ နာကျင်ကြေကွဲမှု များကို ကျွန်ုပ်တို့ မခံစားရတော့ပါ။ ဗျာဒိတ် ၂၁ တွင် “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်…”ဟု ကောင်းကင်မှ ကြီးသော အသံနှင့် ကြွေးကြော်ထားသည် (:၃-၄)။

သခင်ယေရှု၏နောက်တော်လိုက်များ ယခုကတည်းကပင် ဘုရားသခင်နှင့်အတူ ခံစားရသည့် ဝမ်းမြောက်ခြင်း၊ ကြင်နာမှုချစ်ခြင်းကိုလည်း ၁ ပေ ၁:၈ တွင် ဖော်ပြထား သည်။ “ထိုသခင်ကို သင်တို့သည် မမြင်ဘူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက် ယံုကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင် သော ပြော၍ မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်။” ကျွန်ုပ်တို့ချစ်သောသူ၊ ကျွန်ုပ်တို့ကို လက်ကမ်း ကြိုဆိုမည်ဟု ကျွန်ုပ်တို့မျှော်လင့်ထားသည့်သခင်ကို တွေ့ရသောအခါ လျံကျလာမည့် အံ့မခမ်းသော ဝမ်းမြောက်ခြင်းကို စဉ်းစား၍သာ ကြည့်ပါလေ။ ALYSON KIEDA