ကလေးဘဝကတည်းက ဂျက်ဆင်၏အိမ်မက်ပန်းတိုင်မှာ အမေရိကန်ရေတပ်မှ တပ်သားတစ်ဦးဖြစ်ချင်ခဲ့သည်။ ထိုရည်မှန်းချက်ကြောင့် နှစ်ပေါင်းများစွာ ခန္ဓာပိုင်း ကြပ်မတ်လေ့ကျင့်ခဲ့ရသည်။ စိတ်အလိုကိုမလိုက်၊ သူလုပ်ချင်သည့်အရာများကို မလုပ်ဘဲ ခြိုးခြံစွာကျင့်ခဲ့ရသည်။ နောက်ဆံုးတွင် ရေတပ်သင်တန်းသားများက “တစ်ပတ်တာငရဲစခန်း” ဟု ခေါ်သည့် အလွန်ပင်ပန်းခက်ခဲသည့် ခံနိုင်ရည်စွမ်းနှင့် ခွန်အားစစ်ဆေးမှုကို သူခံယူရင်ဆိုင်ခဲ့သည်။

ပင်ပန်းခက်ခဲလှသည့် သင်တန်းကို ပြီးစီးအောင် ဂျက်ဆင်မတတ်နိုင်၊ သူ့ခန္ဓာက ခံနိုင်ရည်မပြည့်ပါ။ တုံ့ဆိုင်းလျက်နှင့် ထိုသင်တန်းမှနှုတ်ထွက်မည့်အကြောင်း သူ့အထက် အရာရှိနှင့် အခြားသော သင်တန်းသားများကို သူအချက်ပြခေါင်းလောင်းထိုးခဲ့သည်။ လူ အများစုအတွက် ၎င်းသည်အရှံုးဟု ခံစားရမည်။ သို့သော် အလွန်စိတ်ပျက်အားလျော့မည့် အစား စစ်ဘက်ဆိုင်ရာစစ်ကြောမှု မအောင်မြင်ခြင်းအား သူ့ဘဝ အသက်အမွေးမှုအလုပ် အကိုင်အတွက် ပြင်ဆင်ပေးသည့်အရာအဖြစ် နောက်ပိုင်းတွင် သူရှုမြင်လာနိုင်ခဲ့သည်။

တမန်တော်ရှင်ပေတရုသည်လည်း အရှုံးနှင့်ရင်ဆိုင်ခဲ့ရဖူးပါသည်။ ထောင်ပဲ ကျကျ၊ သေလျှင်သေပါစေ သခင်ယေရှုအပေါ်သစ္စာစောင့်သိပါမည်ဟု ရဲရဲကြီး သူ ကြွေးကြော်ခဲ့သည်(လု ၂၂:၃၃)။ သို့သော် သခင်ယေရှုကို သိလျက်နှင့် မသိပါဟု သူငြင်းပစ်ပြီးမှ သူသည်းထန်စွာ ငိုကြွေးခဲ့သည် (:၆၀-၆၂)။ ထိုကျရှုံးမှု၏အလွန်တွင် ဘုရားသခင်၏အကြံအစည်ရှိသည်။ သခင်ယေရှုက ပေတရုကြီး သူ့ကိုမငြင်းပယ်မီ ကပင် “ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ”ဟု မိန့်ကြားပြီးသားဖြစ်သည် (မ ၁၆:၁၈၊ လု ၂၂:၃၁-၃၂)။

ရှေ့ဆက်ရန် အဆင့်မမီ၊ မထိုက်တန်ဟုခံစားရစေသည့် ကျရှုံးမှုဖြင့် သင်ရုန်းကန်နေရပါသလား။ ကျရှုံးမှုခေါင်းလောင်းသံကြောင့် သင့်အတွက် ဘုရားရှင်ပြင်ဆင်သည့် သာ၍ကြီးမားသော ရည်မှန်းချက်ကို မလွတ်သွားပါစေနှင့်။ EVAN MORGAN