အသက် ၅၃နှစ်အရွယ်တွင် ဆိုးနီးယားသည် သူ၏စီးပွားရေးလုပ်ငန်းနှင့် သူ့နိုင်ငံကို စွန့်ပြီး နယ်မြေသစ်၌ နိုင်ငံရေးခိုလှံုခွင့်တောင်းခံသည့်ဂိုဏ်းတစ်ဂိုဏ်းနှင့် ပူးပေါင်း ခဲ့သည်။ ထိုဂိုဏ်းက သူ့တူကိုသတ်ပစ်ပြီး ၁၇ နှစ်အရွယ်သူ့သားကိုလည်း သူတို့ ဂိုဏ်းထဲထည့်ရန် ဖိအားပေးလာရာ ဆိုးနီးယားသည် တစ်ခုတည်းသော လွတ်လမ်းကို ရွေးချယ်ခဲ့သည်။ “ကျွန်မ ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ ဘာဘဲလုပ်ရလုပ်ရ ကျွန်မလုပ်မယ်…။ ကျွန်မတို့သားအမိ ငတ်ပြတ်မသေအောင် ဘယ်အလုပ်မဆို လုပ်မယ်…။ အသတ်ခံရပြီး အိပ်ထဲထည့်၊ မြောင်းထဲစွန့်ပစ်ခံရပြီး ဘဝဆံုးသွားတာထက်… ဒုက္ခဆင်းရဲခံတာကမှ ပိုကောင်းမယ်” ဟု သူပြောပြသည်။

ဆိုးနီးယားတို့သားအမိအတွက်၊ မတရားမှုနှင့် ဖျက်ဆီးနှောင့်ယှက်မှုခံရသူတို့အတွက် သမ္မာကျမ်းစာမှ မည်သည့်အားပေးစကားရှိသနည်း။ ဗတ္တိဇံဆရာယောဟန်မှ သခင်ယေရှု ပေါ်ထွန်းခြင်းကို ကြွေးကြော်သည်တွင် ဆိုးနီးယားအတွက်ရော၊ ကျွန်ုပ်တို့ အတွက်ရော၊ လောကသားတို့အတွက်ရော သတင်းကောင်းကို ကြေညာပေးခဲ့သည်။ “ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့”(လု ၃:၃)ဟု ကြွေးကြော်သည်တွင် သခင်ယေရှုကြွလာ သောအခါ တန်ခိုးတော်နှင့်ပြည့်စံုသော ကယ်လွတ်ခြင်းအမှုကို ပြုတော်မူမည်ဟု အလေး အနက်ဆိုလိုသည်။ ထိုကယ်လွတ်ခြင်းကို ကျမ်းစကားအရ ကယ်တင်ခြင်းဟု ခေါ်ပါသည်။

ကယ်တင်ခြင်းဆိုရာ၌ အပြစ်နှလံုးသားကို ကုစားခြင်းနှင့် တစ်နေ့သောအခါတွင် လောကသားတို့၏ဆိုးညစ်မှုဒုစရိုက်များကိုကုစားခြင်းတို့ ပါဝင်သည်။ ဘုရားသခင် ၏ ပြောင်းလဲခြင်းအမှုသည် အဖြစ်အပျက်တိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွက်ဖြစ်ပြီး လူတိုင်းရရှိရယူနိုင်သည်။ “လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့” ဟု ယောဟန်ဆိုပေ၏ (:၆)။

မည်သည့်ဆိုးညစ်မှုကို ရင်ဆိုင်ကြံုရသည်ဖြစ်စေ ခရစ်တော်၏ကားတိုင်နှင့် ထမြောက်ရှင်ပြန်ခြင်းက ဘုရားသခင်၏ကယ်တင်တော်မူခြင်းကို မြင်ရမည့်အကြောင်း အာမခံသည်။ တစ်နေ့သောအချိန်တွင် ကိုယ်တော်၏နောက်ဆံုး လွတ်မြောက်စေခြင်းကို ကျွန်ုပ်တို့ခံစားတွေ့ကြံုရလိမ့်မည်။ WINN COLLIER