ပန်းပုပညာရှင် Liz Shepherd၏ ၂၀၁၈ ခုနှစ် ပြပွဲတွင် “The Wait – စောင့်စားရချိန်” ပန်းပုရုပ်သည် ဘဝ၌ပေါ်လွင်သော အဖိုးတန်သော အလွန်ထူးကဲမှုကို ပေါ်ထွက်စေ သည်ဟု Boston Globe သတင်းစာမှ ရေးသားခဲ့သည်။ နောက်ဆံုးအချိန် ရောက်နေသည့်ဖခင်ကြီး၏အနီးအပါး၌ အချိန်ကုန်လွန်ခဲ့ရခြင်းကြောင့် သူ့ပြပွဲက တမ်းတစိတ်၊ ဆံုးရှုံးမှု၊ ချစ်ခင်ရသူများက လက်လှမ်းမမီနိုင်သောအရပ်သို့ ရောက်သွားပြီဟူသည့် ထိရှလွယ်သည့်ခံစားချက်အငွေ့အသက်များကို ပေးနေသည်။

သေခြင်းသည် အဖိုးကြီးကြောင်း အယူအဆက ဗီဇသဘာဝအသိနှင့် ဆန့်ကျင် ကောင်း ဆန့်ကျင်နေမည်။ သို့သော် ဆာလံဆရာက “ထာဝရဘုရားရှေ့တော်၌ မိမိ သန့်ရှင်းသောသူတို့၏သေခြင်းအရာသည် အဖိုးကြီးလှ၏” (ဆာ ၁၁၆:၁၅) ဟု ဆိုထားသည်။ ဘုရားသခင်သည် သူ့လူများ၏သေခြင်းကို တန်ဖိုးထားသည်။ ၎င်းတို့ ခွဲခွာသွားစဉ် ဘုရားရှင်က သူတို့ကို ကြိုဆိုသည်။

ဤဖြောင့်မတ်သော ဘုရားလူများ၊ သစ္စာရှိသောအစေခံများကား မည်သူနည်း။ ဆာလံဆရာ၏ဖော်ပြချက်အရ ဘုရားသခင်၏ကယ်နုတ်ခြင်းအတွက် ကျေးဇူးသိ လျက် အစေခံသူများ၊ နာမတော်ကို ပတ္ထနာပြုသူများ၊ ထာဝရဘုရားအား သစ္စာကတိ ထားသည့်အတိုင်း လူများရှေ့၌ သစ္စာဝတ်ကို ဖြေသူများဖြစ်ပါသည် (ဆာ ၁၁၆:၁၆-၁၈)။ ထိုသို့သော အပြုအမူလုပ်ရပ်များက ဘုရားသခင်နှင့် လျှောက်လှမ်းရန် တမင် ရွေးချယ်ခြင်း၊ ကိုယ်တော်ပေးသည့်လွတ်မြောက်ခြင်းကို လက်ခံခြင်း၊ ကိုယ်တော်နှင့် ရင်းနှီးဆက်ဆံရေးကို ပျိုးထောင်ရှင်သန်စေခြင်းတို့ကို ပံုဆောင်ပါသည်။

ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရွေးချယ်တော်မူသော ပိုင်ထိုက် တော်မူသော သခင်ယေရှု၏အပေါင်းအသင်းများအဖြစ် မိမိကိုယ်ကို တွေ့လာရမည်။ ကျမ်းစာချက်ကား “ရွေးချယ်သောတိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင် ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသော သူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ” (၁ ပေ ၂:၄-၆) ဟု ဆိုထားသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားသောအခါ ဤဘဝမှခွဲခွာသွားခြင်းသည် ကိုယ်တော့်မျက်မှောက်၌ အဖိုးကြီးသောအမှု ဖြစ်ပေ တော့သည်။ REMI OYEDELE