“အသက်ရှင်သူများတွင် အရဲရင့်ဆံုးသူ”ဟု ဒက်စမွန်အခေါ်ခံရသော်လည်း သူသည် အများထင်သလိုမဟုတ်ပါ။ သူသည် သေနတ်ကိုင်ရန် ငြင်းပယ်သည့် စစ်သည်တစ်ဉီး ဖြစ်သည်။ ဆေးတပ်သားအဖြစ်နှင့် တိုက်ပွဲတစ်ခုတွင် အန္တရာယ်စက်ကွင်းမှ ဒဏ်ရာရ စစ်သည် ၇၅ ဉီးတို့ကို ဘေးလွတ်ရာသို့ သူကယ်ထုတ်ခဲ့သည်။ သူကယ်ခဲ့သည့် သူများတွင် တစ်ချိန်က သူ့ကို သူရဲဘောကြောင်သူဟုခေါ်ခဲ့သူများ၊ သူယံုကြည်ခြင်းကို လှောင်ပြောင် ကဲ့ရဲ့သူများပါဝင်သည်။ ကျည်ဆန်ဗံုးဆန်များကြားပြေးလွှားရင်း “ဘုရားသခင်၊ နောက်ထပ်လူတစ်ဉီး ကယ်နိုင်အောင် မစပါ” ဟု အဆက်မပြတ် ဆုတောင်းခဲ့သည်။ ရဲရင့်သော သူ့လုပ်ရပ်အတွက် သူသည် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံခဲ့ရသည်။

သခင်ယေရှုသည် အလွန်အထင်မှားအထင်လွဲခံခဲ့ရကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြ ထားသည်။ ပရောဖက်ဇာခရိကြိုတင်ဟောပြောသောနေ့ (ဇာ ၉:၉)၊ ရောက်လာသည်တွင် မြည်းငယ်ကို စီးလျက် ယေရုရှလင်မြို့သို့ သခင်ယေရှု ဝင်ရောက်လာသည်။ လူအစုအဝေး တို့က သစ်ခက်များ ဝှေ့ယမ်းလျက် “ဟောရှဏ္ဏ” ဟု အော်ဟစ်ကြသည်။ အဓိပ္ပာယ်က ကယ်တင်တော်မူပါဟူ၍ ကြွေးကြော်ခြင်းဖြစ်သည်။ ဆာလံ ၁၁၈:၂၆ တွင် ကိုးကားရည်ညွှန်းလျက် “ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေ သတည်း” (ယော ၁၂:၁၃) ဟု ကြွေးကြော်ကြသည်။ သို့သော် ဆာလံ ၁၁၈:၂၇ တွင် “ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင် ဉီးချို၌ ကြိုးနှင့်ချည်ကြလော့” ဟု ဖော်ပြထားသည်။ ရှင်ယောဟန်ခရစ်ဝင် ၁၂ မှ လူတို့က ရောမတို့လက်မှ ၎င်းတို့ကိုကယ်နှုတ်မည့် ရှင်ဘုရင် တစ်ပါးကို မျှော်လင့်ကြသည်။ သခင်ယေရှုက ထိုထက်မက ပိုပါသည်။ ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ ကျွန်ုပ်တို့၏ယဇ်၊ လူ့ဇာတိခံသောဘုရား၊ ရှေးရာစုနှစ်ပေါင်း များစွာက ကြိုတင်ဟောပြောခဲ့သည့် အကြံအစည်တော်အတိုင်း ကျွန်ုပ်တို့ကိုအပြစ်မှ ကယ်တင်ရန် ကားတိုင်လမ်းကို လျှောက်လှမ်းခဲ့သူ ဖြစ်သည်။

“ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစ၌နားမလည်သော်လည်း ကိုယ်တော်အား ထိုသို့ပြုကြသည်ကိုလည်းကောင်း ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြသည်” (ယော ၁၂:၁၆)။ နှုတ်ကပတ်အလင်းပေးဖွင့်ပြမှုဖြင့် ဘုရားသခင်၏ ထာဝရအကြံအစည်တော်ကို ရှင်းလင်းစွာနားလည်ပါပြီ။ ကိုယ်တော်သည် အနန္တတန်ခိုးနှင့် ပြည့်စံုသည့် ကယ်တင်ရှင်ကို စေလွှတ်ခဲ့သည့်တိုင် ကျွန်ုပ်တို့ကို ချစ်ပေ၏။ JAMES BANKS