တရုတ်ပြည်အလယ်ပိုင်းရှိ တောင်နံရံကို ပတ်၍ဖောက်ထားသည့် လှေကားထစ် လမ်းကြောင်းအတိုင်း လီဘောင်၏နောက်သို့လိုက်ရင်း နေဝင်ရီတရောအချိန် ရောက်လာသည်။ ဤလမ်းကို ကျွန်ုပ်တစ်ခါမျှမသွားဖူးပါ။ ရှေ့ကို ခြေတစ်လှမ်းအပြင် ပိုမမြင်ရသလို ကျွန်ုပ်တို့ဖြတ်ကျော်လာခဲ့သည့်လမ်းက မည်မျှမတ်စောက်သည် ကိုလည်း မတွေ့ရပါ။ မည်သည့်နေရာကိုသွားသည်၊ မည်မျှကြာကြာသွားရမည်ကို ကျွန်တော်မသိပါ။ သို့သော် ကျွန်တော့်မိတ်ဆွေကို ယုံကြည်စိတ်ချလျက် လီဘောင် နောက်သို့ ထပ်ချပ်မကွာကျွန်တော်လိုက်ခဲ့သည်။

ထစ်ခနဲရှိ သေချာအောင်လုပ်တတ်သည့် တပည့်တော်သောမကဲ့သို့ ကျွန်ုပ်လည်း ထိုအခြေအနေထဲ ရောက်နေသည်။ သခင်ယေရှုက တပည့်တော်တို့အား သူတို့အတွက် နေရာကို ပြင်ဆင်ရန်သွားရမည်။ “ငါသည် အဘယ်အရပ်သို့သွား သည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း သင်တို့သိကြ၏” (ယော ၁၄:၄) ဟု မိန့်တော်မူသည်။ သို့သော် သောမက “သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍ လမ်းခရီးကို အဘယ်သို့သိနိုင်ပါ မည်နည်း” (:၅) ဟုပြန်မေးသည်။

သခင်ယေရှုက သောမတ် သံသယကို မဖြေရှင်းပေးပါ။ သူတို့ကို ဘယ်အရပ်သို့ ပို့ဆောင်မည်ကို သခင်ရှင်းမပြပါ။ သူသည် လမ်းခရီးဖြစ်ကြောင်းကိုသာ အာမခံခဲ့ပြီး၊ ၎င်းသည် လံုလောက်ပါသည်။

အနာဂတ်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၌လည်း မေးခွန်းရှိသည်ပင်။ ရှေ့၌ ဘာဖြစ် မည်ကို မည်သူမျှ အတိအကျမသိပါ။ ဘဝဟူသည့် မိမိမမြင်နိုင်သော အလှည့်အပြောင်း အကွေ့အကောက်များနှင့်ပြည့်နေသည်။ သို့သော် ပူစရာမရှိပါ။ “လမ်းခရီး၊ သမ္မာတရား၊ အသက်” ဖြစ်တော်မူသော ယေရှုကိုသိလျှင် လံုလောက်ပါပြီ (:၆)။

နောက်ဘာဖြစ်မည်ကို ယေရှုသိသည်။ သူနှင့်နီးကပ်စွာ လိုက်လျှောက်ရန်ကိုသာ သခင်တောင်းဆိုသည်။ MIKE WITTMER