မကြာသေးမီက သုတေသနပြုချက်တစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်သူများသည် လူနာများအား အားပေးစကားပြောပေးပါက ဖျားနာမှုမှ ပိုပြီးမြန်မြန်ကျန်းမာလာကြောင်းကို တွေ့ရှိခဲ့ကြသည်။ ရိုးစင်းသောလက်တွေ့စမ်းသပ်မှုတစ်ခုတွင် အရေပြား ယားယံသည့်လူနာများအား ၎င်းတို့၏စိတ်ဆန္ဒအလျောက် စမ်းသပ်မှု၌ပါဝင်​​ေစေပြီး ဆရာ၀န်၏အားပေးနှစ်သိမ့်မှုရရှိသောလူနာနှင့် မရရှိသောလူနာများ၏ တုံ့ပြန်မှုကို နှိုင်းယှဥ်လေ့လာရာ၊ ဆရာဝန်များထံမှ အားပေးစကားကြားရသော လူနာများသည် အပြောမခံရသောလူနာများထက် ယားယံမှုလျော့ပါးသက်သာကြောင်းတွေ့ရှိသည်။

သုတ္တံကျမ်းရေးသူသည် အားပေးစကားများ မည်မျှအရေးကြီးကြောင်း သိသည်။ သာယာသောစကားများသည် ကိုယ်အရိုးကိုပင် ကျန်းမာစေနိုင်သည့်အကြောင်း သုတ္တံ ၁၆:၂၄ တွင် ဖော်ပြထားသည်။ ထိုအပေါင်းလက္ခဏာဆောင်သောစကားများသည် ကျွန်ုပ်တို့ကျန်းမာရေးအတွက် အကန့်အသတ်မရှိကောင်းသလို ပညာနှင့် အမှုစောင့်သော သူသည်လည်း အကျိုးကိုရလိမ့်မည် (:၂၀)။ ထို့အတူပင် အားပေးနှစ်သိမ့်သော စကားများ သည်လည်း ယခုကြုံတွေ့နေသော စိန်ခေါ်မှုများနှင့် အနာဂတ်တွင် တွေ့ကြုံလာရမည့် အရာများအတွက် အထောက်အပံ့ဖြစ်စေပါသည်။

ဉာဏ်ပညာနှင့်အားပေးစကားများက မိမိ၏နေ့ဓဒူဝအသက်တာတွင် ခွန်အားများ မည်သို့ဆောင်ကြဉ်းပေးသည့်ကို ကျွန်ုပ်တို့ရှင်းရှင်းနားလည်ချင်မှ နားလည်မည်။ သို့တိုင် မိဘဆရာနှင့်လုပ်ဖော်ဆောင်ဖက်များ၏ အားပေးလမ်းပြမှုများက အခက်အခဲများကြား တွင် ကြံ့ကြံ့ခံနိုင်ရန်နှင့် အောင်မြင်မှုပန်းတိုင်ဆီ ရှေ့ဆက်ချီတက်နိုင်ရန် မစပေးနေပါ သည်။ ထို့အတူပင် နှုတ်ကပတ်တော်သည်လည်း ကျွန်ုပ်တို့အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အားပေးမစပြီး မထင်မှတ်ထားသော အခြေအနေမျိုးမှာပင် ခံနိုင်ရည် ရှိရန်အတွက် ပြင်ဆင်ပေးသည်။ ကိုယ်တော်၏ဉာဏ်တော်ဖြင့်ခိုင်ခံ့ခြင်းရှိပြီး မိမိ၏ ဘဝထဲ ကိုယ်တော်ပို့ဆောင်ပေးလာသူများထံ သက်သာကျန်းမာခြင်းကို ပေးစွမ်းသော သာယာသောကျေးဇူးပြုစကားများကို တစ်ဆင့်ပြောနိုင်ရန် ကျွန်ုပ်တို့ကို ကူမတော်မူပါ။ KIRSTEN HOLMBERG