ကလေးသူများအတွက် ကုတ်အင်္ကျီရွေးချယ်ပွဲတွင် စိတ်လှုပ်ရှားတက်ကြွနေသော ကလေးများက သူတို့အနှစ်သက်ဆုံးအရောင်နှင့် သင့်တော်သောအရွယ်အစားများကို ဂရုတစိုက် ရွေးချယ်ကြသည်။ ပွဲစီစဉ်ကွပ်ကဲသူက သူတို့သည် မိမိကိုယ်ကို ယုံကြည်မှု မြင့်တက်လာပြီး အင်္ကျီသစ်သည် သူတို့ရွယ်တူချင်းသူငယ်ချင်းများ၏လက်ခံမှုကို မြှင့်တင်ပေးပြီး ဆောင်းရာသီကျောင်းခေါ်ချိန်ကိုပါ မြင့်တက်စေခဲ့သည်ဟုဆိုသည်။

တမန်တော်ကြီးရှင်ပေါလုကိုယ်တိုင်လည်း နွေးထွေးမှုနှင့်တူသောအားပေးမှုမျိုးကို လိုအပ်ခဲ့ဖူးသည်။ တိမောသေဩဝါဒစာကို သူရေးသားခဲ့စဉ်က “တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သောဝတ်လုံကိုလည်းကောင်း၊ စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့် သားရေစာကိုလည်းကောင်း၊ သင်သည် လာသောအခါ ယူခဲ့လော့”
(၂တိ ၄:၁၃) ဟု ရေးသားခဲ့သည်။ အေးစက်နေသောရောမထောင်ထဲတွင် ပေါလု အတွက် အနွေးဓာတ်လိုသကဲ့သို့ သူနှင့်အတူရှိပြီးအားပေးမည့်အဖော်ကို သူတောင့်တ ခဲ့သည်။ (:၁၆) “ငါ့ဘက်၌ ဘယ်သူမျှမနေ၊ လူအပေါင်းတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ”ဟုသူ မြည်တမ်းသည်။ သူခံစားရသော နာကျင်ခံစားမှုကြီးကို ရိုးသားစွာ ဝန်ခံဖော်ပြမှုက ကျွန်ုပ်တို့ နှလုံးသားအား စူးနစ်စွာ ထိုးဖေါက်ဝင်ရောက်ခဲ့သည်။

ယင်းကဲ့သို့ပြောဆိုခဲ့သော်လည်း၊ သူနောက်ဆုံးရေးသားသောစာစောင်အဆုံးတွင် သနားစရာအဖြစ်မှချီးမွမ်းခြင်းသို့ ပြောင်းလဲပြောဆိုခဲ့သည်။ “…လူအပေါင်းတို့သည် စွန့်ပစ် ကြသော်လည်း ဒေသနာတော်ကို အကုန်အစင်ဟောပြော၍ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ကြောင့် ခြင်္သေ့ခံတွင်းမှကယ်နုတ်ခြင်း ချမ်းသာကို ငါရ၏” ဟုထပ်မံပြောခဲ့သည် (:၁၇)။

နွေးထွေးစေသည့် အဝတ်အစားများ၊ ကူညီမည့်ရင်းနှီးသောမိတ်ဆွေများ မရှိဘဲ ပြဿနာအခက်အခဲရင်ဆိုင်နေရပါက ဘုရားရှင်ကို သတိရလိုက်ပါ။ ကိုယ်တော်သည် ပြန်လည်နိုးထနိုင်အောင်၊ ကူညီမစပေးကာ လွတ်မြောက်ခြင်းအခွင့်ကို ပေးနေသော သစ္စာတော်ရှင်ဖြစ်သည်။ အကြောင်းမူကား သူ့ဘုန်းတော်နှင့် ကျွန်ုပ်တို့အထဲရှိ သူ့နိုင်ငံတော် တည်ထောင်နိုင်စိမ့်ငှာအတွက် ဖြစ်ပေသည်။ PATRICIA RAYBON