သခင်ယေရှုကို ယုံကြည်ခါစခရစ်ယာန်တစ်ဉီးသည် ကျမ်းစာဖတ်ရန် အလွန် စိတ်အားထက်သန်နေသည်။ သို့သော် သူသည် ပေါက်ကွဲမှုတစ်ခု​ကြောင့် အမြင်အာရုံကွယ်ပြီး လက်နှစ်ဖက်မရှိတော့သူဖြစ်သည်။ ထို့နောက် မျက်မမြင်များလက်ဖြင့်စမ်း၍ ဖတ်သော ဘရေးစာကို အမျိုးသမီးတစ်ဦးက နှုတ်ခမ်းဖြင့်စမ်း၍ဖတ်​ကြောင်း သတင်း ကြားသဖြင့် သူလည်းစမ်းကြည့်ရာ သူ့နှုတ်ခမ်းမှနာ့ဗ်ကြောများလည်း ပျက်စီးနေ ကြောင်းသိလိုက်ရသည်။ နောက်ပိုင်းတွင် မျက်မမြင်စာကို သူ့လျှာဖြင့် စမ်း၍ဖတ်နိုင် ကြောင်းသူသိရသောအခါ သူအလွန်ဝမ်းမြောက်သွားသည်။ ကျမ်းစာဖတ်နိုင်မည့် နည်းလမ်းကို ယခုသူရှာတွေ့လေပြီ။

ဘုရားစကားကို ပရောဖက်ယေရမိလက်ခံရရှိချိန်တွင် ခံစားရသော စိတ်ခံစားမှုမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း ဖြစ်သည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ် စကားတော်ကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏” (ယေ ၁၅:၁၆)။ ဘုရားစကားကို ရွံရှာခဲ့သော ယုဒလူမျိုးများနှင့် မတူဘဲ (၈:၉)၊ ယေရမိသည် နှုတ်ကပတ်တော်ကို နာခံမှုရှိပြီး နှုတ်ကပတ်တော်၌ ဝမ်းမြောက်သူဖြစ်သည်။ သူ၏နာခံခြင်းကြောင့် သူ့လူမျိုးများ ငြင်းပယ်သော ပရောဖက်၊ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသောပရောဖက် ဖြစ်သွားသည် (၁၅:၁၇)။

အချို့သူများလည်း ထို့နည်းတူ ခံစားကြုံတွေ့ခဲ့ဖူးမည်။ နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာ ခံယူခဲ့​သော်လည်း ဘုရားရှင်ကိုနာခံခြင်းကြောင့် ဆင်းရဲဒုက္ခခံစားရပြီး တစ်ပါးသူတို့၏ ငြင်းပယ်ပစ်ပယ်ခြင်းကိုခံရတတ်သည်။ ထိုအခါ ကျွန်ုပ်တို့၏ ရှုပ်ထွေးခြင်း များကို ယေရမိကဲ့သို့ပင် ကိုယ်တော့်ထံသို့ယူဆောင်လာနိုင်ပါသည်။ သူ့ကို ပရောဖက်အဖြစ် စတင်ခေါ်ယူချိန်တွင် ပေးခဲ့သောကတိတော်အားဖြင့် ဘုရားရှင်သည် ယေရမိအား ပြန် လည်တုံ့ပြန်ခဲ့သည် (:၁၉-၂၁, ယေ ၁:၁၈-၁၉)။ သူ့လူများ မျက်နှာပျက်ရအောင် ဘုရားရှင် ဘယ်သောအခါမျှမလုပ်ကြောင်း သူ့ကို ပြန်လည်သတိပေးခဲ့သည်။ ကိုယ်တော်သည် သစ္စာတ​ော်တည်သောကြောင့် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ စွန့်ပစ်မသွားပါ။ POH FANG CHIA