ကပ်ဘေးဆိုက်ရောက်ချိန်၌ နယူးယောက်မြို့အသင်းတော်တစ်ခုတွင် အရေးပေါ် ကူညီသူ အဖြစ်ပါဝင်လုပ်ကိုင်ခဲ့သူ ဂျိုး၏ရှစ်ပတ်တာအချိန်သည် သူ့အတွက် အပန်းဖြေအားလပ် ရက် မဟုတ်ခဲ့ပါ။ သူ့စကားများအရ “ထိုအိမ်ရာမဲ့များကြား အိမ်ရာမဲ့တစ်ဦးကဲ့သို့ နေထိုင်လျက်၊ ဆာလောင်ခြင်း၊ ပင်ပန်းခြင်းနှင့် မေ့ပျောက် ခံရခြင်းစသည့် ခံစားချက်များကို ပြန်လည်သတိရခံစားရရန် ဖြစ်သည်” ဟုဆိုပါသည်။ ဂျိုး၏ပထမဦးဆုံးလမ်းပေါ်မှဘဝအတွေ့အကြုံမှာ လွန်ခဲ့သောကိုးနှစ်ခန့်က အလုပ်အကိုင်မဲ့နေစရာမဲ့လျက် Pittsburgh မှ စတင် ပြောင်းရွှေ့လာချိန်ဖြစ်သည်။ ဆယ်သုံးရက်ကြာ လမ်းပေါ်၌ အစာ​ရေစာမရှိ၊ အိပ်မရနိုင်ဘဲ နေခဲ့ရသည်။ ၎င်းအဖြစ်အပျက်အားဖြင့် ဆင်းရဲမွဲတေသူများကိုကူညီမစရန် သူ့အမှုတော်မြတ်တွင် ဂျိုးကိုအသုံးပြုရန်အတွက် ဘုရားရှင်ပြင်ဆင်ခဲ့သည်။

သခင်ယေရှု ဤလောကသို့ဆင်းကြွလာစဉ်က သူလာကယ်တင်သည့်လူများ၏ ခံစားချက်အတွေ့အကြုံများကို ဝေမျှခံစားခဲ့သည်။ “ထိုသူငယ်တို့သည် အသွေး အသားနှင့်ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး ခြင်းငှာ၊ … ထိုသူတို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏” (ဟေဗြဲ ၂ :၁၄)။ မွေးစမှသေဆုံးချိန်ထိ အပြစ်ဒုစရိုက်မှလွဲ၍ ခရစ်တော်မခံစားမသိသော လူသားတို့၏အတွေ့အကြုံမရှိပါ။ သခင်သည် “ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏” (:၁၅)။ သူသည် အပြစ်ကိုအောင်နိုင်ခဲ့သောကြောင့် ကျွန်ုပ်တို့အပြစ်သွေးဆောင် ခြင်းခံရသောအချိန်တွင်လည်း ကျွန်ုပ်တို့ကို ကူညီမစနိုင်ပါသည်။

ထို့ပြင် လောကီအပူမီးသောကများကို သခင်သိအောင် လုပ်စရာမလို။ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သူသည် ကျွန်ုပ်တို့နှင့်ဆက်သွယ်မြဲဆက်သွယ်နေပြီး ကျွန်ုပ်တို့ကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ ဘဝတွင် မည်သည့်အမှုအရာများ ကြုံတွေ့ရပါစေ၊ အကြီးမားဆုံးရန်သူဖြစ်သော မာရ်နတ်လက်အောက်မှ ကယ်တင် ပေးခဲ့သူသည် (၂:၁၄) ကျွန်ုပ်တို့အကူအညီအလိုအပ်ဆုံးအချိန်များတွင် ကူညီရန် အသင့်စောင့်ကြိုနေကြောင်း စိတ်ချယုံကြည်နိုင်ပါသည်။ ARTHUR JACKSON