နံနက် ၂ နာရီ။ ပင်လယ်ခူမွေးမြူသူ နဒီယာ သည် မက်ဒါဂတ်စကာ ရွာအနီး သီးသန့် သတ်မှတ်ထားသော ပင်လယ်ကမ်းစပ်ရေတိမ်ပိုင်းတွင် သူမွေးမြူသည့် ပင်လယ်ခူများ ကောက်ရန်ထွက်သွားသည်။ စောစောထရလည်း သူ့အတွက်ပြဿနာ မရှိပါ။ “ဒီအလုပ် မလုပ်ခင်က ကျွန်မအရမ်း ဒုက္ခရောက်တယ်။ ဝင်ငွေလည်းမရှိဘူး” ဟု သူပြောပြသည်။ ယခုအခါ “ပင်လယ်နှင့်အတူယှဉ်တွဲနေထိုင်ခြင်း” ဟု အဓိပ္ပာယ်ရသော ဗလော်န်ဒရီအိခ် ပင်လယ်ပြင် ကာကွယ်ရေး စီမံကိန်း၏အဖွဲ့ဝင် ဖြစ်လာပြီးနောက်တွင် နဒီယာတစ်ယောက် ဝင်ငွေတိုးလာပြီး ဘဝတည်ငြိမ်လာသည်။ “ဒီစီမံကိန်းပေါ်ပေါက်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု သူမက ဖြည့်စွက်ပြောပြသည်။

ဘုရားသခင်ဖန်ဆင်းထားသည့်ခူကောင်များသည် ပင်လယ်ထဲရှိ သက်ရှိများအတွက် လိုအပ်သော သဘာ၀အထောက်အပံ့များကို ကျယ်ပြန့်စွာ ထုတ်ပေးနိုင်ပြီး ၎င်းသည် ထို စီမံကိန်းအတွက်လိုအပ်သောအရာဖြစ်သည်။ “တိရစ္ဆာန်ဖို့ မြက်ပင်ကို လည်းကောင်း၊ လူသုံးဖို့ စပါးပင်ကိုလည်းကောင်း၊ ပေါက်စေတော်မူသဖြင့် …” (ဆာ ၁၀၄:၁၄) ဟု ဆာလံဆရာက ဖန်ဆင်းရှင်ဘုရားသခင်အား ချီးကျူးထောမနာ ပြုထားသည်။ ထို့ပြင် “မရေတွက်နိုင်အောင် တွားတတ်သောတိရစ္ဆာန်အစရှိသော တိရိစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမား ကျယ်ဝန်းသောသမုဒ္ဒရာလည်း ရှိပါသေး၏” (:၂၅) ဟု ထပ်မံထည့်သွင်း ပြောဆိုပါ၏။

အမှန်အံ့သြစရာပါ။ ဘုရားသခင်၏အံ့ဖွယ်ဖန်ဆင်းခြင်းများသည် ကျွန်ုပ်တို့ အတွက် လိုအပ်သည့်စားနပ်ရိက္ခာများကို ဖြည့်ဆည်းပေးနေသည်။ ဥပမာ-ပင်လယ်ခူသည် ကျန်းမာရေးကိုအကျိုးပြုသောပင်လယ်စာဖြစ်သည်။ ပင်လယ်ခူ ကောက်ခြင်းဖြင့် နဒီယာနှင့်သူ၏အိမ်နီးနားချင်းများအတွက် အသက်ရှင်ရပ်တည် နိုင်အောင် ဝင်ငွေများ ဖြည့်ဆည်းပေးလျက်ရှိနေသည်။

ဘုရားသခင်၏ဖန်ဆင်းခြင်းသည် အဓိပ္ပာယ်မဲ့ဖန်ဆင်းခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ အကျိုးအတွက်နှင့် ကိုယ်တော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင်အသုံးပြုတော်မူ သည်။ “ငါသည် အသက်ရှင်စဉ် ထာဝရဘုရားကို သီချင်းဆိုမည်” (:၃၃) ဟု ဆာလံဆရာက ဆိုသည်။ ကျွန်ုပ်တို့အတွက် ဖြည့်ဆည်းပေးသနားမှုများကို ဆင်ခြင် လျက် ဘုရားသခင်အား ချီးမွမ်းထောမနာပြုကြပါစို့။ PATRICIA RAYBON