တော်မ် သည် ဆင်းရဲသောသူ့သူငယ်ချင်း၏ စက်ဘီးကိုခိုးသွားသူများနောက်သို့ ပြေးလိုက်သည်။ သူကြိုတင်ရည်ရွယ်ထားခြင်းမရှိ။ စက်ဘီးကိုပြန်ရရန်တစ်ခုတည်းသာသူဆန္ဒရှိသည်။ သို့သော် အမှတ်မထင် သူခိုးသုံးဉီးသည် စက်ဘီးကိုထားခဲ့ပြီး လှည့်ပြန် ပြေးသွား၍ သူအံ့သြသွားသည်။ တော်မ် သည် စိတ်သက်သာရာရသည်သာမက စက်ဘီးကို ပြန်ရသည့်အတွက် သူ့ကိုယ်သူဂုဏ်ယူမိပြီး အိမ်ပြန်ရန် နောက်ပြန်အလှည့်တွင် သူ့နောက်မှကပ်လိုက်၍လာသူ ဗလကောင်းကောင်းနှင့် ဂျက်ဖ် ကို တွေ့လိုက်သည်။

ဧလိရှဲ၏ကျွန်သည် သူတို့၏မြို့ကိုရန်သူများဝိုင်းရံထားသည်ကို တွေ့သောအခါ ကြောက်ရွံ့လျက်၊ ဧလိရှဲထံသို့ပြေးသွားပြီး၊ “အိုသခင်၊ အဘယ်သို့ပြုရပါမည်နည်း” ဟု သခင်အားဆို၏။ ဧလိရှဲကမစိုးရိမ်ရန်ပြောပြီး “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်” ဟုဆိုကာ “အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည့်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါ” ဟုဆုတောင်းသည့် အတိုင်း “ဧလိရှဲ ပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏” (:၁၅-၁၇)။

သခင်ယေရှုနောက်တော်သို့လိုက်လျှင် အန္တရာယ်အလွန်များသည်ဟု သင် ထင်မြင်မိလိမ့်မည်။ အမှန်တရားအတွက် သင်လုပ်ဆောင်နေသရွေ့ ကာလပတ်လုံး သင်၏သိက္ခာ၊ သင်၏လုံခြုံရေးအတွက် စိုးရိမ်ရလိမ့်မည်။ မည်သို့ ဖြစ်လာမည်ကို တွေးပြီး အိပ်မပျော်ဖြစ်မည်။ သို့သော် သင်တစ်ယောက်တည်း ထိုသို့ဖြစ်နေခံစားနေရခြင်း မဟုတ်ကြောင်းသတိရပါ။ သင်ကြုံတွေ့ရမည့်စိန်ခေါ်မှုထက် သင်သည် ပိုအားကြီး ပိုပါးနပ်ရန်မလို။ သခင်ယေရှုသည် သင်နှင့်အတူရှိနေပြီး သူ၏ခွန်အားသည် ရန်သူထက် အားကြီးသည်။ ရှင်ပေါလု၏မေးခွန်းကို ကိုယ့်ကိုကိုယ်ပြန်မေးကြည့်စမ်းပါ။ “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဘက်၌ နေနိုင် မည်နည်း” (ရော ၈:၃၁)။ မည်သူနေနိုင်မည်နည်း။ မည်သူမျှ မနေနိုင်ပါ။ ဘုရားသခင်နှင့် အတူ သင်၏စိန်ခေါ်မှုများကို ပြေးတွေ့လိုက်ပါ။ MIKE WITTMER