“The Free State of Jones” ရုပ်ရှင်ဇာတ်လမ်းသည် အမေရိကန်ပြည်တွင်းစစ် ကာလ၌ မြင်းစီးသူရဲ နယူတန်၊ တောင်ပိုင်းခွဲထွက်ရေးဝါဒီစစ်ပြေးများနှင့် တပ်ပေါင်းစုကို အားပေးကူညီသည့်ကျွန်များအကြောင်းဖြစ်ပြီး စစ်ပြီးသောအခါ ကျွန်များသည် ကျွန်ပိုင်ရှင်များကို ဆန့်ကျင်သည့် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည်။ မြင်းစီးသူရဲကောင်းများစွာ ရှိသော်လည်း တပ်ပေါင်းစုမှထွက်ပြေးလာသော နယူတန် အား ကျွန်နှစ်ဦးက ကယ်တင် ခဲ့သည်။ ထိုကျွန်နှစ်ဦးသည် သူ့အားလူသူကင်းမဲ့သော ရေဖုံးလွှမ်းသည့်ရွံ့နွံမြေသို့ သယ်ဆောင်လာပြီး ခြေထောက်ဒဏ်ရာကို ဆေးကုသပေးသည်။ သူတို့သာ ပစ်ထားခဲ့လျှင် သူအသက်ရှင်နိုင်မည် မဟုတ်။

ယုဒလူမျိုးများသည် ရန်သူများနှင့်ထိပ်တိုက်ရင်ဆိုင်ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ ကာ အကူအညီကင်းမဲ့စွာ ကစဉ့်ကလျားပြေးလွှားနေကြရသည်။ ထိုအချိန်က ဣသရေလ တို့သည် အာရှုရိတို့လက်အောက်တွင် ကျရောက်နေပြီး ပရောဖက်ဟေရှာယက တစ်နေ့ သောအခါ ၎င်းတို့သည် ဗာဗုလုန်လက်အောက်သို့ ကျရောက်လိမ့်မည်ဟု ကြိုတင်နိမိတ် ဖတ်ခဲ့သည်။ ယုဒတို့သည် သူတို့အား ကူညီမစနိုင်မည့်ဘုရား၊ ကယ်တင်နိုင်မည့်ဘုရား၊ သူတို့အား ပြစ်ပယ်ခြင်းမရှိသောဘုရားကို လိုလားတောင့်တနေကြသည်။ သူတို့မျှော်လင့်တောင့်တလျက်ရှိသော ဘုရားက “မစိုးရိမ်နှင့်။ ငါသည်သင်နှင့်အတူရှိ၏” (ဟေရှာ ၄၃:၅)ဟု အာမခံချက်ပေးသည့်အခါ ယုဒတို့မည်မျှပျော်ကြမည်ကို စဉ်းစားကြည့်ပါ။ မည်သည့် ဒုက္ခမျိုးကိုမဆို ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ ကိုယ်တော်သူတို့နှင့်အတူရှိမည်။ သူတို့နှင့်အတူ “ရေကို ရှောက်သွားလျက်…”(:၂) လုံခြုံရာသို့ပို့ဆ​ောင်မည်။ “မီးကို ချဉ်းနင်းသောအခါလည်း ” (:၂)ကိုယ်တော်ပို့ဆောင်မည်။

ဘဝရှင်သန်ချိန်ဖြစ်စေ၊ သေဆုံးသွားချိန်ဖြစ်စေ ဘုရားသခင်သည် သူ၏လူမျိုးတော် တို့အား ဂရုပြုလျက် လမ်းပြလျက် မစွန့်ပစ်ဘဲလျက် သူတို့နှင်အတူရှိမည်အကြောင်း နှုတ်ကပတ်တော်၌ ကတိတော်ရှိထားသည်။ သင်လည်း ခဲယဥ်းသောအခြေအနေနှင့် တွေ့ကြုံနေရပါက ဘုရားသခင်သင်နှင့်အတူ ရှိတော်မူသည်။ ရေကို လျှောက်သွားသော အခါ ကျော်လွှားနိုင်အောင် သင့်ကိုမစတော်မူမည်။ WINN COLLIER