“Amistad” ရုပ်ရှင်သည် ၁၈၃၉ ခုနှစ်တွင် အာဖရိကတိုက်မှကျွန်များကို သင်္ဘောနှင့် သယ်ဆောင်လာပြီး လမ်းခုလပ်တွင် သင်္ဘောကပ္ပတိန်နှင့်သင်္ဘောသားအချို့ကို သတ်ဖြတ် သည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် ထိုကျွန်များကို ဖမ်းမိပြီး ချုပ်နှောင်ကာ တရားစီရင်ကြသည်။ ကျွန်များ၏ ခေါင်းဆောင် Cinque’ က ကျွန်များလွတ်မြောက်ရေးအတွက်တရားရုံးတော်တွင် အသနားခံတောင်းဆိုသည့် မြင်ကွင်း က မမေ့ပျောက်နိုင်စရာပါ။ သံကြိုးများဖြင့် ချည်နှောင်ခံရသူသည် အင်္ဂလိပ်စကား မပြီကလာဖြင့် “ကျွန်ုပ်တို့ကို လွတ်လပ်ခွင့်ပေးပါ” ဟုတစ်ကြိမ်ထက်တစ်ကြိမ် အသံမြှင့်၍ ကျယ်လောင်စွာအော်ဟစ်သည်။ နောက်ဆုံးတွင် တရားရုံးတော်ကြီး ငြိမ်သက်သွားသည်။ တရားမျှတမှုအောင်နိုင်လျက် သူတို့အား လွတ်ပေးလိုက်တော့သည်။

မျက်မှောက်ခေတ်လူသားများအတွက် ရုပ်ပိုင်းချုပ်နှောင်ခံရသည့်အန္တရာယ် မရှိ တော့သော်လည်း အပြစ်၏ချည်နှောင်မှုကြောင့် ဝိညာဉ်ရေးလွတ်လပ်မှုကား ရှာလေ ဝေးနေဆဲပါ။ ယောဟန် ၈:၃၆ မှ သခင်ယေရှု၏စကားများက ကျွန်ုပ်တို့ကို သက်သာစေ ပါသည်။ “ထို့ကြောင့် သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြ လိမ့်မည်။” ဧကန်အမှန်လွတ်မြောက်ခွင့်ပေးသူအဖြစ် သခင်သည် မိမိကိုယ်မိမိညွှန်ပြရခြင်း မှာ သူ့ကို ယုံကြည်သူတို့အား ခွင့်လွှတ်ခြင်းကို သူပေးကမ်းနေခြင်းကြောင့်ဖြစ်သည်။ အချို့က ခရစ်တော်၏လွတ်ခြင်းကိုတောင်းဆိုသော်လည်း(:၃၃) သခင်ယေရှုနှင့် ပတ်သက်၍ သူတို့၏စကား၊ စိတ်နေစိတ်ထားနှင့် အပြုအမူများက မရိုးသား၊ တစ်ခြားစီ ဖြစ်နေသည်။

Cinque’ ကဲ့သို့ “ကျွန်ုပ်တို့ကို လွတ်လပ်ခွင့်ပေးပါ” ဟုလှိုက်လှဲစွာ အသနားခံခြင်း မျိုးကို သခင်ယေရှုမျှော်လင့်သည်။ မယုံကြည်မှု၊ ကြောက်ရွံ့မှု၊ ကျရှုံးပျက်ကွက်မှုဖြင့် ချည် နှောင်ခံနေရသူများကို သနားခြင်းကရုဏာဖြင့် သခင်စောင့်မျှော်နေသည်။ လွတ်လပ်ခြင်း သည် နှလုံးသားအရေးဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုချုပ်ကိုင်သည့် အပြစ်တန်ခိုး ကို သူ၏အသေခံခြင်းနှင့်ထမြောက်ခြင်းဖြင့် ချိုးဖဲ့ရန် ဤလောကသို့စေလွတ်ခဲ့သူ ဘုရား သခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်သူတို့အတွက်သာ ထိုလွတ်မြောက်မှုကိုပေးမည်ဖြစ်သည်။ ARTHUR JACKSON