အမျိုးသမီး ၅၀၀၀၀ ခန့်ကို နာဇီတို့ မျိုးဖြုတ်သတ်ဖြတ်ခဲ့သည့် Ravensbruck အကျဉ်းစခန်း၏ အပျက်အစီးများကြားတွင် အောက်ပါကြေမွနေသောဆုတောင်းချက်ကို ကယ်ဆယ်ရေးလုပ်သားများက ရှာတွေ့ခဲ့သည်။ “အိုသခင်ဘုရား၊ စိတ်ထားကောင်း သော အမျိုးသားအမျိုးသမီးများသာမက ဆိုးသွမ်းသူများကိုလည်း အောက်မေ့တော်မူ ပါ။ သို့သော် ကျွန်ုပ်တို့ကိုသူတို့ဒုက္ခပေးခဲ့သည့် နာကျင်မှုဝေဒနာများကို အောက်မေ့တော် မမူပါနှင့်။ ဤညှဥ်းဆဲခြင်းဒုက္ခထဲမှ ကြီးထွားလာသော ကျွန်ုပ်တို့၏ ရဲဘော်ရဲဘက်စိတ်၊ သစ္စာစောင့်သိခြင်း၊ နှိမ့်ချခြင်း၊ သတ္တိ၊ ရက်ရောခြင်း၊ နှလုံးသား၏ကြီးမြတ်ခြင်းစသော ကျေးဇူးတော်ချီးမွမ်းခြင်းအသီးများကို အောက်မေ့မူပါ။ တရားစီရင်ချိန်တွင် ကျွန်ုပ်တို့မှ ထွက်ပေါ်သော အသီးအပွင့်သည် သူတို့၏ခွင့်လွှတ်ခြင်းအတွက် ဖြစ်ပါစေသား။”

ဤဆုတောင်းကိုရေးခဲ့သည့် အကြမ်းဖက်ခံရသည့်အမျိုးသမီးအတွက် သူ့ကို စိတ်ဒုက္ခပေးသည့် ကြောက်ရွံ့မှုနှင့်နာကျင်မှုကို ကျွန်ုပ်မတွေးရဲပါ။ နားလည်ရခက် သော မည်သည့်ကျေးဇူးတော်မျိုး သူရခဲ့သည်ကို ကျွန်ုပ်မတွေးတတ်တော့ပါ။ သူ့ကို ဖိနှိပ်ချုပ်ချယ်သူများအတွက် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို သူရှာဖွေခဲ့သည်။ မထင်ထားသည့်အမှုကို သူလုပ်ဆောင်ခဲ့သည်။

ဤဆုတောင်းက ခရစ်တော်၏ဆုတောင်းကို ပဲ့တင်ထပ်နေသည်။ လူအများ ရှေ့တွင် မှားယွင်းစွာ စွပ်စွဲခံရ၊ မထီမဲ့မြင်ပြုခံရ၊ အရိုက်ခံရ၊ အရှက်ခွဲခံရပြီးနောက် သခင်ယေရှု “နှင့်တကွ လူဆိုး(နှစ်ယောက်)တို့ကို … လက်ဝါးကပ်တိုင်မှာ ရိုက်ထား ကြ၏”(လု ၂၃:၃၃)။ ကြမ်းတမ်းသည့်သစ်တိုင်ထက်၌ ချိတ်ဆွဲခံရပြီး ခက်ခဲစွာ အသက်ရှူနေရချိန်တွင် သူ့ကိုနှိပ်စက်သူများအား ဒဏ်ခတ်ရန် (သို့) တရားမျှတမှုကို ပြန်ဖော်ထုတ်ရန် (သို့) ဘုရားသခင်၏တရားမျှတမှုကို ကြွေးကြော်ရန် စသည်ဖြင့် သခင်ယေရှု တစ်ခုခု လုပ်လိုက်ရန် ကျွန်ုပ် မျှော်လင့်မိသည်။ သို့သော် စိတ်လိုက်မာန်ပါ ပြုတတ်သည့်လူ့သဘောနှင့်ဆန့်ကျင်လျက် “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်‌တော် မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” ဟု သခင်ယေရှု ဆုတောင်းခဲ့သည်။

သခင်ယေရှုပေးသနားမူသော ခွင့်လွှတ်ခြင်းက မဖြစ်နိုင်စရာထင်ရသော်လည်း သခင်၏အံ့သြဖွယ်ကျေးဇူးတော်ဖြင့် မဖြစ်နိုင်သောခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့အား အခမဲ့ပေးနေသည်။ WINN COLLIER