ကင်ညာနိုင်ငံ နိုင်ရိုဘီဒေသရှိ ဆင်ခြေဖုံးရပ်ကွက်နားသို့ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းတို့ နှစ်ယောက်သား ကားအတူစီးလာစဥ် မြင်တွေ့ခဲ့ရသော ဆင်းရဲမှုအခြေအနေ ကြောင့် ကျွန်ုပ်တို့နှလုံးသားကြေကွဲခဲ့ရသည်။ သို့သော် ကလေးငယ်လေးများက ဆွာဟီလီ ဘာသာဖြင့် “သင်းအုပ်ဆရာ” ဟုအော်ခေါ်ပြီး ပြေးလာသည်ကို မြင်လိုက်ရသောအခါ စမ်းရေပမာ ရင်ထဲအေးမြကြည်လင်မှုကို ခံစားလိုက်ရသည်။ ကျွန်ုပ်တို့ကားပေါ်၌ ပါလာသော သူတို့၏ဝိညာဉ်ရေးခေါင်းဆောင်ကို မြင်ပြီး ပျော်ရွှင်မှုအပြည့်နှင့် တုံ့ပြန်နေ ခြင်းဖြစ်သည်။ ဤကဲ့သို့ ညင်သာသောအော်ခေါ်သံဖြင့် ကလေးငယ်များသည် သူတို့ကိုကာကွယ်စောင့်ရှောက်ပေးသူ၊ ဂရုစိုက်ပေးသူအား ကြိုဆိုနေခြင်းဖြစ်ပါသည်။

မြည်းစီးလျက် ယေရုရှလင်မြို့သို့ သခင်ယေရှုဝင်လာစဥ် “ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ … ဒါဝိဒ်၏သားတော် ဟောရှဏ္ဏ ဖြစ်စေသတည်း” (မ ၂၁:၉၊ ၁၅)ဟု သူ့ကို ကြိုဆိုသူများတွင် ဝမ်းမြောက်နေသည့် ကလေးသူငယ်များလည်းပါဝင်သည်။ လေထဲပျံ့နှံ့နေသည့်အသံများတွင် သခင်ယေရှုကိုချီးမွမ်းသည့်အသံတစ်ခုတည်း မဟုတ်ပါ။ လူများ၏ တိုးဝှေ့လမ်းလျှောက်သံ၊ သခင်ယေရှု နှင့် ရုန်းရင်းခတ်ဖြစ်ခဲ့သောပိုက်ဆံရှာသည့် ကုန်သည်များ၏ဆူညံသံများကို ကြားယောင် နိုင်ပေသည်(:၁၂-၁၃)။ ထို့အပြင် သခင်ယေရှု၏ကရုဏာပြသောအမှုများကို မြင်တွေ့ခဲ့ သည့် ဘာသာရေးခေါင်းဆောင်များမှာလည်း အမျက်ထွက်နေကြသည် (:၁၄-၁၅)။ ကလေးများ၏ချီးမွမ်းသံနှင့်အတူ သူတို့၏ မကျေနပ်သံများကို ရောအော်ကြသည် (:၁၆)။ ဤသို့အားဖြင့် သူတို့နှလုံးသားများ ဆာငတ်ခင်မွတ်နေကြောင်းကို ဖော်ပြနေသည်။

အချိန်အခါမရွေး နေရာမရွေး လောကကြီးကိုကယ်တင်မည့်သခင်အဖြစ် သခင်ယေရှုကို အသိအမှတ်ပြုသော၊ သခင်ယေရှုအပေါ်ထားရှိသော ကလေးများ၏ ယုံကြည်ခြင်းကို ကျွန်တော်တို့အတုယူနိုင်ပါသည်။ ကျွန်တော်တို့၏ချီးမွမ်းသံနှင့် ငိုကြွေးသံ ကို ကိုယ်တော်ကြားကာ ကလေးတစ်ယောက်ကဲ့သို့ သူ့ကိုယုံကြည်ပြီး သူ့ထံ တိုးဝင်ပါက ကရုဏာပြကာကယ်တင်မည့်အရှင်ဖြစ်ပေသည်။ ARTHUR JACKSON