သင်းအုပ်ဆရာက သခင်ယေရှု၏အသက်တာနှင့်ပတ်သက်ပြီး ခက်ခဲသောမေးခွန်း တစ်ခု ကို အတန်းထဲတွင်မေးရာ ကျွန်ုပ်လက်ထောင်ရန်ပြင်လိုက်သည်။ ထိုအကြောင်းကို ကျွန်တော် ဖတ်ထားပြီးပြီဖြစ်သောကြောင့် အဖြေကိုသိနေပါသည်။ ထို့ပြင် အခန်းထဲမှ အတန်းဖော်များအားလည်း ကျွန်တော်သိကြောင်းကို သိစေချင်ခဲ့သည်။ သို့သော် ကျွန်တော်သည် ကျမ်းစာသင်ကြားသည့်ဆရာတစ်ဦးဖြစ်ပေရာ၊ ထိုအတန်းဖော်များရှေ့ တွင် ဆွံ့အလျက် မဖြေနိုင်ပါက ရှက်စရာပါ။ ကျွန်တော်သည် အရှက်ကွဲမှာကိုကြောက်သည့် စိုးကြောက်မှုကြောင့် ရှက်ရွံနေရပါသည်။ ထို့ကြောင့် ကျွန်တော့်လက်ကို ကျွန်တော်ပြန်ရုပ်လိုက်သည်။ ထိုမျှလောက် သိမ်ငယ်မှုကို ခံစားရပါသလား။

နှစ်ခြင်းဆရာယောဟန်သည်လည်းသာ၍ ကောင်းသောနည်းလမ်းကိုပြခဲ့ပါသည်။ သူ့တပည့်များက လူတို့သူ့ကိုပစ်ပြီး သခင်ယေရှုနောက်တော်သို့လိုက်နေကြပြီ ဟု သူ့အား မြည်တွန်ပြောဆိုကြရာ၊ ယောဟန်က ထိုသို့ကြားရသည့်အတွက် ဝမ်းသာကြောင်း၊ သူသည် သတင်းစကားကြားပြောသူမျှသာဖြစ်ကြောင်း၊ “ငါသည် ခရစ်တော်မဟုတ်၊ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်။… ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်”(၃:၂၈-၃၀) ဟုပြန်ဖြေခဲ့သည်။ ယောဟန်သည် သူ၏ ဖြစ်တည်မှုသည် သခင်ယေရှုအတွက် ဖြစ်ကြောင်းကို နားလည်သိရှိသည်။ ထိုသခင်သည် အထက်မှလာသော အလုံးစုံတို့၏အထွတ်၊ ကျွန်ုပ်တို့အတွက် အသက်ကိုပေးခဲ့သော သန့်ရှင်းသော ဘုရားသခင်၏သားတော်တည်း(:၃၁)။ သူသာလျှင် အလုံးစုံသောဘုန်းကြီး ခြင်း၊ ဂုဏ်ပြုခြင်းကိုခံထိုက်သူဖြစ်ပါသည်။

မိမိထံသို့ အာရုံရောက်အောင် ပြုလုပ်ခြင်းက ဘုရားရှင်ထံမှ အာရုံလွဲစေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏တစ်ဦးတည်းသောကယ်တင်ရှင်နှင့် ဤလောကအတွက် တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သောကြောင့် သူ့ထံမှခိုးယူမိသော မည်သည့်ဘုန်း၊ မည်သည့်ဂုဏ် အတွက်မဆို ကျွန်တော်တို့နာကျင်ခံစားရခြင်းနှင့်သာ အဆုံးသတ်ပါသည်။

သခင်ယေရှုပုံ မပျက်အောင်၊ ပံုကွယ်မသွားအောင် ရှေ့မှဖယ်လိုက်ပါ။ ၎င်းသည် သခင့်အတွက်၊ လောကအတွက်နှင့် ကျွန်ုပ်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။
MIKE WITTMER