ကားတန်းများဖြေးညင်းစွာ ရွေ့လျားနေခြင်းကြောင့် လမ်းခင်းနေခြင်းဖြစ်မည်ဟု ကျွန်တော်တွေးမိသည်။ “အခု လမ်းကိုပြန်တူးဆွကြပြန်ပြီ။ ဘယ်အချိန်ကျမှလမ်းတွေ ပြင်လို့ပြီးမှာလဲ” ဟု တွေးနေမိပြန်သည်။ အကြောင်းမှာ “လမ်းခင်းသည့်ကုမ္ပဏီမှ လုပ်ငန်းပြီးစီးသွားပြီဖြစ်သောကြောင့် လမ်းသစ်လေးတွင် ပျော်ရွှင်စွာ မောင်းနှင်နိုင်ပြီ” ဟုထိုကဲ့သို့သောဆိုင်းဘုတ်မျိုးကို ကျွန်တော်တစ်ခါမှမမြင်ခဲ့ဘူးသောကြောင့်ပါ။

သို့သော် ကျွန်တော်၏ဝိညာဉ်ရေးရာအသက်တာတွင် ၎င်းနှင့်အလားတူ ဖြစ်နေ သည်။ အရာအားလုံးကိုနားလည်လျက်၊ ပြီးပြည့်စုံလျက် ရင့်ကျက်သောဘဝအသက်တာကို ယုံကြည်ခြင်းအသက်တာအစပိုင်းတွင် ကျွန်တော်တွေးမြင်ယောင်ကြည့်ခဲ့ဖူးသည်။ နှစ်သုံးဆယ်ကြာပြီးနောက် ကျွန်ုပ်သည် ပြုပြင်ဆဲအခြေအနေတွင်သာ ရှိနေသေးကြောင်း ဝန်ခံလိုက်ရပါသည်။ ထပ်တလဲလဲပေါက်ပြဲနေသောလမ်းပေါ် မောင်းနေရသကဲ့ပင် ကျွန်တော့်အသက်တာသည်လည်း ဘယ်သောအခါမျှ ပြီးစီးသွားမည့်ပုံ မပေါ်ပါ။ တစ်ခါတစ်ရံ ၎င်းသည် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။

ဟေဗြဲ ၁၀ တွင် အံ့သြဖွယ်ရာကတိတော်တစ်ခုကို ဖော်ပြထားသည်။ အငယ် ၁၄ တွင် “အကြောင်းမူကား စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှာ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏”ဟု ဖော်ပြထားပါသည်။ သခင်ယေရှုကားတိုင်ပေါ် ပြုပေးခဲ့သောအမှုကြောင့် ကျွန်တော်တို့ ကယ်တင်ခြင်းရရှိခဲ့ ကြသည်။ လုံး၀ပြီးပြည့်စုံစွာလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်၏အမြင်တွင် ကျွန်ုပ်တို့သည် အသစ်ပြန်ဖြစ်ကာ ပြီးစီးသွားပြီဖြစ်သည်။ သို့သော် ဝိရောဓိဖြစ်စရာ ထိုလုပ်ဆောင်မှုသည် ကျွန်ုပ်တို့လောကကြီးထဲရှိနေစဉ်အတွင်း မပြီးစီးသေးပါ။ စင်ကြယ်ပြီး သခင့်ပုံသဏ္ဍာန်နှင့် တူအောင် မပြတ်အစဥ်ပုံသွင်းခံနေရပါသည်။

တစ်နေ့တွင် သခင့်ကိုမျက်နှာချင်းဆိုင်ဖူးတွေ့ရသောအခါ ကိုယ်တော်နှင့်တူကြလိမ့် မည် (၁ယော ၃:၂)။ သို့သော် ထိုအချိန်မရောက်မချင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွင်း လုပ်ဆောင်နေသောအရာများ လုံးဝပြီးစီးပြီး ဘုန်းတော်ထင်ရှားမည့်နေ့ကို စိတ်လှုပ်ရှားစွာ နှင့် စောင့်နေရသူ၊ ပြုပြင်တည်ဆောက်ခြင်းခံနေရသူများအဖြစ်၌သာ ရှိနေကြပါသည်။ ADAM HOLZ