“ဟိုးရှေးရှေးတုန်းကပေါ့” ဆိုသည့် စကားလုံးလေးသည် တစ်လောကလုံးတွင် အလွန် တန်ခိုးကြီးသောစကားလုံးများထဲတွင် တစ်ခုအပါအဝင်ဖြစ်လိမ့်မည်။ သူငယ်ဘဝက ကျွန်တော့်မှတ်ဉာဏ်၌ အဦးဆုံးမှတ်မိသောအရာများတွင် ထိုစာသားလေးမှာ မကြာခဏ ပါဝင်ခဲ့သည်။ တစ်နေ့တွင် ကျွန်တော့်အမေသည် ကျမ်းစာမှပုံပြင်များကို သရုပ်ဖော်ရေးသားထားသောအဖုံးအမာနှင့် ထူထဲလှသည့် “My Good Shepard Bible Story” စာအုပ် လေးကိုင်ပြီး အိမ်ပြန်လာသည်။ ညတိုင်းမီးမပိတ်မီတွင် ကျွန်တော်နှင့်ညီလေးသည် မျှော် တလင့်လင့်နှင့် ထူးခြားပြီးစိတ်ဝင်စားစရာကောင်းသည့် လူများအကြောင်းနှင့် ထိုသူများကို ဘုရားသခင်ချစ်ကြောင်း ရေးထားသည့် ဟိုးရှေးရှေးကပုံပြင်များကို အမေဖတ်ပြမည့်အချိန် ကို စောင့်မျှော်နေတတ်သည်။ ထိုပုံပြင်များသည် ကြီးမားကျယ်ပြန့်သောလောကကြီးကို မည်သို့ကြည့်ရမည်ကို သင်ပေးခဲ့သည့် မှန်ဘီလူးတစ်ခုပမာ ဖြစ်သည်။

လူတိုင်းလက်ခံပြီး အပြောအဟောကောင်းသည့် ပုံပြောကောင်းသူမှာ နာဇရက်မြို့ သား သခင်ယေရှုဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏အတွင်းစိတ်၌ ပုံပြင်များကို အလိုလို နှစ်သက်တတ်သည်ကို ကိုယ်တော်သိသောကြောင့် ကြားခံအဖြစ်ဝင်ရောက်ကာ သူ့ သတင်းကောင်းကို ဆီလျော်စွာ ဖော်ပြခဲ့သည်။ “တစ်ခါတုန်းကပေါ့၊ လူတစ်ယောက်ဟာ မျိုးစေ့တွေကို မြေပေါ်ကြဲဖြန့်ခဲ့တယ်” (မာကု ၄:၂၆)၊ “တစ်ခါတုံး ကပေါ့။ မုန်ညင်းစေ့လေး တစ်စေ့ရှိတယ်” (:၃၁) စသည်ဖြင့် တစ်ခုပြီးတစ်ခု ဖော်ပြခဲ့သည်။ ရှင်မာကုခရစ်ဝင်ကျမ်း တွင် သခင်ယေရှုသည် လူများနှင့် ဆက်သွယ်ရာတွင်(:၃၄) ပုံဥပမာများကိုအသုံးပြုကာ လောကကြီးကို သူတို့ပိုမိုရှင်းလင်းစွာမြင်နိုင်ရန်နှင့် သူတို့ကိုချစ်သောဘုရားရှင် အကြောင်းကို ပိုမိုနက်နဲစွာနားလည်ရန် ရည်ရွယ်ဖော်ပြသည်။

ကရုဏာနှင့်ကျေးဇူးတော်ကိုဖော်ပြသော ဘုရားသခင်၏သတင်းကောင်းကို အခြားသူများအား ကျွန်ုပ်တို့ ဝေမျှလိုစိတ် ဖြစ်လာသောအခါ ထိုအချက်ကို အမှတ်ရ လိုက်ပါ။ ပုံဥပမာဖြင့်ပြောဆိုသောအခါ တစ်ဖက်သားအနေဖြင့် ဆန့်ကျင်ခံပြောရန် မဖြစ်နိုင်လောက်တော့ပါ။ JOHN BLASE