မနှစ်က နွေရာသီ၌ Talequah အမည်ရှိ ဝေလငါးမ သားပေါက်ခဲ့သည်။ ထိုအကြီးမား ဆံုးသော လင်းပိုင်မျိုးစိတ်အုပ်စုသည် အန္တရာယ်ကျရောက်နေပြီး၊ ၎င်း၏သားလောင်း လေးသည် အနာဂတ်မျှော်လင့်ချက် ဖြစ်သည်။ သို့သော် သားပေါက်လေးသည် တစ်နာရီပင် အသက်မရှင်ခဲ့ပါ။ Talequah သည် သေဆံုးသွားသည့် သားပေါက်လေးကို မလွှတ်ချမီ ပစိဖိတ်သမုဒ္ဒရာ၏ အေးစက်သောရေထဲတွင် ၁၇ ရက်တိုင် တွန်းနေ ခဲ့သည်။ ဤကြေကွဲဖွယ်မြင်ကွင်းကို ကမ္ဘာတစ်ဝန်းမှ လူများကြည့်ရှုခဲ့ကြသည်။

တစ်ခါတစ်ရံ ယေရှုခရစ်ကိုယံုကြည်သူများသည် ကြေကွဲဝမ်းနည်းခြင်းနှင့် ဘာလုပ်ရမှန်းမသိ ခက်ခဲသည့်အချိန်များကို ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့၏ ပူဆွေးခြင်းက မျှော်လင့်ခြင်းမဲ့သောအခြေအနေနှင့်တူမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့သော် သမ္မာကျမ်းစာတွင် ကြေကွဲဝမ်းနည်းခြင်း၌ လူတို့ ဘုရားသခင်ထံဟစ်ခေါ်သည့် ဉပမာများစွာပါရှိသည်။ ငိုကြွေးမြည်တမ်းခြင်းနှင့် မျှော်လင့်ခြင်းနှစ်ခုစလံုးသည် သစ္စာရှိသောတုန့်ပြန်မှု၏အစိတ်အပိုင်းဖြစ်သည်။

“ယေရမိမြည်တမ်းစကား”သည် နေအိမ်များဆံုးရှံုးသွားသောလူများ၏ ဝမ်းနည်း ခြင်းကို ဖော်ကျူးထားသော ကဗျာ (၅)ပုဒ် ပါဝင်သောကျမ်းဖြစ်သည်။ ထိုသူများသည် ရန်သူများ၏တိုက်ခိုက်ခြင်းကိုခံရပြီး အသက်ဆံုးလုနီးနီးဖြစ်ခဲ့သည် (၃:၅၂-၅၄)။ တရားမျှတခြင်းကို ဆောင်ယူလာရန် ဘုရားသခင်ထံ ငိုကြွေးလျက် သူတို့ ဟစ်ခေါ်ခဲ့သည် (:၆၄)။ မျှော်လင့်ချက်မရှိခြင်းကြောင့် ဘုရားသခင်ထံ ဟစ်အော်ခဲ့ခြင်းမဟုတ်ဘဲ ဘုရားသခင် နားထောင်နေကြောင်းကို ယုံကြည်သောကြောင့် အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ ခေါ်သောအခါ ဘုရားသခင်သည် အမှန်ပင် အနီးသို့ ချဉ်းကပ်တော်မူသည်(:၅၇)။

ဤကမ္ဘာလောကကြီးနှင့် ကျွန်ုပ်တို့၏အသက်တာရှိ ကြေမွပျက်စီးသောအရာ များကြောင့် ငိုကြွေးမြည်တမ်းခြင်းသည် အမှားမဟုတ်ပါ။ ဘုရားသခင်သည် အစဉ်အမြဲ နားထောင်နေပြီး ကောင်းကင်မှငုံ့ကြည့်ပြီး သင့်ကိုမြင်တော်မူကြောင်း သင်စိတ်ချနိုင်ပါသည်။ AMY PETERSON