“အလင်းထိန်းသိမ်းသူများ”။ အမေရိကန်ပြည်ထောင်စု ကာရိုလိုင်းနား မြောက်ဘက် ကမ်းရိုးတန်း၏ မလှမ်းမကမ်းရှိ Hatteras ကျွန်းအငူရှိ မီးပြတိုက်၌ ၁၈၀၃ ခုနှစ် ကတည်း က မီးတိုင်များ စတင်ပြုလုပ်ခဲ့သူများအတွက် အမှတ်တရ အထိမ်းအမှတ် မှတ်တိုင်တစ်ခု ရှိသည်။ ကမ်းရိုးတန်းတိုက်စားခံရခြင်းကြောင့် ကျန်ရှိသော မှတ်တိုင်အပိုင်းကို အတွင်းပိုင်း ဒေသ နေရာသစ်သို့ပြောင်းရွှေ့ခဲ့ပြီး​နောက် အလင်းထိန်းသိမ်းသူများ၏အမည်များကို မှတ်တိုင်၏အုတ်မြစ်ဟောင်းကျောက်တုံးများတွင် ထွင်းလျက် ထိုကျောက်တံုးများကို နေရာသစ်သို့မျက်နှာမူပြီး ပွဲကြည့်စင်အဝိုင်းပံုသဏ္ဌာန် စီထားခဲ့သည်။ ယနေ့တွင် လာရောက်လည်ပတ်သူများသည် သမိုင်းဝင် အလင်းထိန်းသိမ်းသူများ၏ ခြေရာအတိုင်း လိုက်ပြီး ဆိုင်းဘုတ်တစ်ခု၌ ဖော်ပြထားသည့်အတိုင်း မီးပြတိုက်ကို “စောင့်ကြည့်နိုင်ပါပြီ။”

သခင်ယေရှုသည် အန္တိမအလင်းပေးသူဖြစ်သည်။ “ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်တော်မူ၏ (ယော ၈:၁၂)။ ၎င်းသည် လူတိုင်းရရှိနိုင်သော အခွင့်အရေးဖြစ်သည်။ သို့သော် ယေရှုသည် သူ့ကိုလောကသို့ စေလွှတ်ခဲ့သူ၊ အသက်နှင့်အလင်းကို ဖန်ဆင်းသောအရှင် ကောင်းကင်ဘံုရှင်အဘနှင့် ဆက်ဆံရေး ကို ကြေငြာရန်အတွက် ထိုသို့မိန့်မြွက်ခဲ့ခြင်းဖြစ်သည်။

ကယ်တင်ခြင်းအတွက် သခင်ယေရှုခရစ်ကို မျှော်ကြည့်ပြီး သူ၏သွန်သင်မှု အတိုင်း လိုက်လျှောက်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဆက်ဆံရေးကို တည်ဆောက်နေခြင်းဖြစ်ပြီး သခင်က ကျွန်ုပ်တို့အား အသစ်သောခွန်အားနှင့် ရည်ရွယ်ချက်ကို ပေးနေသည်။ သူ၏ပြောင်းလဲစေသောမေတ္တာနှင့် အသက် ဖြစ်သည့် “လူတို့၏အလင်း” (၁:၄) သည် ကျွန်ုပ်တို့အတွင်းနှင့် ကျွန်ုပ်တို့အားဖြင့် ထွန်းလင်းပြီး မှောင်မိုက်သော၊ တစ်ခါတစ်ရံ အန္တရာယ်ရှိသော လောကကြီး၌ ထွန်းလင်းနေသည်။

ယေရှုနောက်တော်လိုက်များဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့သည် “အလင်းထိန်းသိမ်း သူများ” ဖြစ်သည်။ ကျွန်ုပ်တို့ထံမှဘုရားသခင်၏အလင်းကို တစ်ပါးသူတို့မြင်ပြီး သူ သာလျှင်ပေးနိုင်သော အသက်နှင့် မျှော်လင့်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ပါစေ။ JAMES BANKS