အထီးကျန်ခြင်းသည် ကောင်းမွန်သောဘဝရှင်မှုအတွက် အကြီးမားဆံုး ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ လူမှုမီဒီယာ၊ အစားအစာ စားသံုးခြင်းနှင့် မိမိအကြိုက်စသည်တို့အပေါ် ကျွန်ုပ်တို့၏အပြုအမူစိတ်သဘောထားကိုလိုက်ပြီး ကျန်းမာရေးကို ထိခိုက်စေသည်။ လေ့လာမှုတစ်ခုအရ လူသားအားလံုး၏သံုးပံုတစ်ပုံနီးပါးသည် အသက်အရွယ် ကျား/မ မရွေး အနည်းဆံုး တစ်ချိန်ချိန်တွင် အထီးကျန်သည်ဟု ခံစားရသည်။ ဗြိတိသျှ စူပါမားကတ် တစ်ခုမှ သူတို့၏ကော်ဖီဆိုင်များတွင် လူများအကြားဆက်သွယ်ရေးကို မြှင့်တင်ရန်အတွက် “စကားပြောစားပွဲများ”ကို ဖန်တီးခဲ့သည်။ အပြန်အလှန်တုန့်ပြန်မှုကို ရှာဖွေနေသူများ သည် ထိုရည်ရွယ်ချက်အတိုင်း သတ်မှတ်ထားသော စားပွဲတွင်ထိုင်ကာ အခြားသူများနှင့် ပူးပေါင်းခြင်း (သို့)ပူးပေါင်းလိုသည့်ဆန္ဒကို ဖော်ပြခြင်းဖြစ်သည်။ စကားစမြည်ပြောခြင်း သည် လူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်ခြင်းကို ဖြစ်ပေါ်စေသည်။

ကနဉီးအသင်းတော်မှလူများသည် အဆက်အသွယ်ပြုလုပ်ရန် ကတိကဝတ် ပြုထားကြသည်။ တစ်ဉီးနှင့်တစ်ဉီး အဆက်အသွယ်မရှိပါက လောကသားများ အတွက် အသစ်အဆန်းဖြစ်နေသေးသော သူတို့၏ယံုကြည်ခြင်းကို လေ့ကျက်ရာ၌ အထီးကျန်မှုကို ခံစားရလိမ့်မည်။ ခရစ်တော်နောက်တော်လိုက်ခြင်း၏အဓိပ္ပာယ်ကို သိရှိရန် တမန်တော်များ၏သွန်သင်မှုကိုခံယူခြင်း တစ်ခုတည်းမဟုတ်ဘဲ ဗိမာန်တော် ၌ တွေ့ဆံုကြပြီး အပြန်အလှန်အားပေးမှုနှင့် မိတ်သဟာယအတွက် “ကိုယ်အိမ်၌ မုန့်ကို ဖဲ့ခြင်း”တို့ကို ပြုလုပ်ကြသည်။ (တ ၂:၄၂၊ ၄၆)

လူမှုဆက်ဆံရေးကို ကျွန်ုပ်တို့လိုအပ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထိုလိုအပ်မှုနှင့် ဖန်ဆင်းခဲ့သည်။ နာကျင်ရသော အထီးကျန်အချိန်သည် ထိုလိုအပ်မှုကို ညွှန်ပြသည်။ ကျွန်ုပ်တို့အနေဖြင့် ကနဉီးအသင်းတော်မှလူများကဲ့သို့ လူသားချင်း အဖော်ပြုရန် အရေးကြီးပြီး၊ ၎င်းသည် ကောင်းမွန်သောဘဝရှင်သန်မှုအတွက် လိုအပ်ပြီး၊ ကျွန်ုပ်တို့အနီးအပါးရှိ လူမှုဆက်ဆံရေးကို လိုအပ်နေသူများအားလည်း ဝေမျှရမည်။ KIRSTEN HOLMBERG