သတိရအောက်မေ့ဖွယ်နေ့တွင် ယခင်စစ်မှုထမ်းဟောင်းများ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း တပ်မတော်တွင်အမှုထမ်းခဲ့သော ကျွန်မအဖေနှင့်ဉီးလေးတို့၏ အကြောင်းကို စဉ်းစားမိသည်။ သူတို့က အိမ်ပြန်ရောက်ခဲ့သော်လည်း ထောင်ပေါင်း များစွာသော မိသားစုများတွင် တိုင်းပြည်အတွက် အမှုထမ်းသော သူတို့ချစ်ရသူများကို ကြေကွဲစွာ ဆံုးရှုံးခဲ့ကြရသည်။ သို့သော် အဖေနှင့်ထိုခေတ်က စစ်သားအများစုကို မေးမြန်းသောအခါ မှန်ကန်ရာအတွက်၊ သူတို့ယံုကြည်ရာအတွက် ရပ်တည်ပြီး သူတို့ ချစ်ရသူများကို ကာကွယ်ရန် အသက်ကို စွန့်လွှတ်ဝံ့သည်ဟုဖြေကြသည်။

တိုင်းပြည်ကို ကာကွယ်ရင်းနှင့် တစ်စံုတစ်ယောက်သေဆံုးသွားသည့်အခါ ၎င်း၏စွန့်လွှတ်စွန့်စားမှုကို ဂုဏ်ပြုသည့်အနေဖြင့် “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ” ဟူသည့် (ယော ၁၅:၁၃) ကျမ်းပိုဒ်ကို စျာပနဝတ်ပြုကိုးကွယ်ခြင်းတွင် ရွတ်ဖတ် လေ့ရှိသည်။ သို့သော် ဤကျမ်းပိုဒ်၏နောက်ခံအခြေအနေမည်သို့ရှိပါသနည်း။

နောက်ဆံုးညစာစားပွဲ၌ ဤစကားကို တပည့်တော်များအား သခင်ယေရှု မိန့်ကြားသည့်အချိန်သည် သူကားတိုင်ပေါ်တက်ခါနီးအချိန်ဖြစ်ပြီး သူ့တပည့်တော် ထဲမှ တစ်ဉီးဖြစ်သူ ယုဒရှကာယုတ်သည် သူ့ကို သစ္စာဖောက်ရန် ထွက်သွားနှင့်ပြီ ဖြစ်သည်(၁၃:၁၈-၃၀)။ ဤအကြောင်းအလံုးစုံကို သိနှင့်ပြီးဖြစ်သည့်တိုင် သူ့မိတ်ဆွေ နှင့်ရန်သူများအတွက် သူ့အသက်ကို စတေးရန် ခရစ်တော် ရွေးချယ်ခဲ့သည်။

သခင်ယေရှုသည် တစ်နေ့ သူ့ကို ယုံကြည်မည့်သူများအတွက်နှင့် ရန်သူဖြစ်လျက် ရှိဆဲသူများအတွက် အသေခံပေးရန် အဆင်သင့်ရှိနေပြီး ထိုသို့သေခံရန် ဆန္ဒရှိသည် (ရော ၅:၁၀)။ တစ်ဖန် (ယခင်နှင့်ယခု) သူ၏တပည့်တော်များအား“ငါသည် သင်တို့ကို ချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့”(ယော ၁၅:၁၂)ဟု မိန့်မှာ သည်။ ခရစ်တော်၏ကြီးမြတ်သောချစ်ခြင်းမေတ္တာက မိတ်ဆွေ၊ ရန်သူနှင့် အခြားသူ များကို အနစ်နာခံချစ်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်နေသည်။ALYSON KIEDA