ပြောနေသည့်အကြောင်းအရာက လူမျိုးရေးဆန့်ကျင်မှုဖြစ်သည်။ သို့သော် ဟောပြော သူသည် တည်ငြိမ်အေးဆေးစွာရှိနေသည်။ ပရိသတ်ကြီးရှေ့ စင်ပေါ်တွင်ရပ်ပြီး ကျက်သရေရှိရှိ၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ ဟာသများဖြင့် သတ္တိရှိရှိ ဟောပြောခဲ့သည်။ မကြာမီမှာပင် ပရိသတ်ကြီး၏တင်းမာသောခံစားချက်နှင့်စကားများ လျော့ကျလျက် စိတ်သက်သာရာရစေခဲ့သည်။ ထိုနောက် သူတို့ရင်ဆိုင်နေရသည့် အကြပ်အတည်း – လတ်တလော ရေပန်းစားနေသည့်ပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို ပြောပြသည့် ဟောပြောသူပုဂ္ဂိုလ်နှင့်အတူ လိုက်ရယ်မောခဲ့ကြသည်။ ၎င်းသည် ချိုမြိန်သော ကျေးဇူး မေတ္တာပြလျက် ချဉ်တူးသောပြဿနာတစ်ခုကို ကိုင်တွယ်ပုံနည်းလမ်းပေတည်း။

ရှောလမုန်မင်းကြီးက ကျွန်ုပ်တို့အားလံုးအတွက် တူညီသောနည်းလမ်းကို အကြံပေးခဲ့သည်။ “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍ စိတ်ဝိညာဉ်ကို ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏” (သု ၁၆:၂၄)။ ထို့နည်းတူ “ပညာရှိသောသူ၏ နှလံုးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာ အတတ်ကို ထပ်လောင်းတတ်၏”(:၂၃)။

ကျွန်ုပ်တို့မည်ကဲ့သို့ စကားပြောရမည်ကို ရှောလမုန်ကဲ့သို့သော အာဏာရှိမင်းတစ်ပါး က အဘယ်ကြောင့် အချိန်ပေးပြီးသွန်သင်ခဲ့သနည်း။ စကားလံုးများသည် ပျက်စီးခြင်းအမှု ကို ဖြစ်စေသောကြောင့်ဖြစ်သည်။ ရှောလမုန်မင်းခေတ်က ဘုရင်များသည် နိုင်ငံ၏ သတင်းအချက်အလက်များအတွက် သတင်းပို့သူအပေါ် အမှီပြုရသည်။ တည်ငြိမ်ပြီး အားကိုးရသည့် သတင်းပို့သမားများသည် အလွန်တန်ဖိုးထားလေးစားခံရသည်။ သူတို့ သည် မည်သည့်ပြဿနာပင် ဖြစ်ပါစေ၊ သမ္မာသတိရှိသောစကား၊ အလျှောက်ကောင်းသော စကားကိုသာ သံုးဆောင်ပြီး ကြမ်းတမ်းစွာပြောဆိုခြင်း (သို့) ဟန်အမူအရာပိုခြင်း မရှိပေ။

မိမိ၏အမြင်နှင့်အတွေးအခေါ်များတွင် ဘုရားဝတ်၌မွေ့လျော်ပြီး သမ္မာသတိရှိသောချိုမြိန်ခြင်းနှင့်တန်ဆာဆင်ပါက အားလံုးအကျိုးခံစားရရှိမည်ဖြစ်သည်။ ရှောလမုန် မင်း၏စကားမူကား “စိတ်နှလံုးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြော ချက်ကိုကား ထာဝရဘုရား ပိုင်တော်မူ၏” (:၁)။ PATRICIA RAYBON