ထူးဆန်းထွေလာစာအုပ်တွင် လူသန်းပေါင်းများစွာထဲမှ တစ်ဉီးသည် မိုးကြိုးပစ်ခံရသည်။ လူပေါင်း ၂၅,၀၀၀ အနက် တစ်ဉီးသည် အလွန်အမင်းထိတ်လန့်ခြင်း (သို့) ဆံုးရှံုးမှု ရင်ဆိုင်ရချိန်တွင် “နှလံုးကြေကွဲသောရောဂါလက္ခဏာ”ကို ခံစားကြရသည်ဟု ဖော်ပြထားသည်။ စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်ဖတ်ရင်း ထူးဆန်းသည့် ပြဿနာ များ ကြံုတွေ့ရသည့် ထူးဆန်းထွေလာအမှုများက အကယ်၍ကျွန်ုပ်တို့သာ ထိုသို့ ရင်ဆိုင်ကြုံရခဲ့သော် မည်သို့ဖြစ်မည်နည်းဟူသည့်အမေးအတွက် အဖြေမရှိခဲ့ပါ။

ယောဘသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောအရာများကိုကြုံတွေ့ခံစားခဲ့ရသည်။ ဘုရားသခင်က သူ့ကို “မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ၊ စံုလင် ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်” (ယောဘ ၁:၈)ဟု ပြောထားသည်။ သို့သော် ယောဘသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ဆံုးရှုံးခြင်းများစွာကို ရင်ဆိုင်ခံစားရရန် ရွေးချယ်ခံခဲ့ရ သည်။ ကမ္ဘာပေါ်ရှိလူများစွာထက် ယောဘအနေဖြင့် အဖြေတစ်ခုခုကို တောင်းခံရန် အခွင့်ရှိသည်။ “ဘာကြောင့် ကျွန်ုပ်မှဖြစ်ရတာလဲ” ဆိုသည့်အရာကို နားလည်ရန် ယောဘ၏မလူးသာ မလွန့်သာရုန်းကန်ရမှုများကို ရေးသားထားသည့်‌ ယောဘဝတ္ထု ကို အခန်းကြီး တစ်ခန်းပြီးတစ်ခန်းဖတ်ရန် လိုပါသည်။

ရှင်းပြ၍မရသည့် နာကျင်မှု၊ ဆိုးညစ်မှုများကို ကျွန်ုပ်တို့ မည်သို့တံု့ပြန်ရမည်ကို ယောဘ၀တ္ထုမှ နည်းလမ်းပေးထားသည်။ ၎င်းသည် ဘုရားသခင်၏ကောင်းမြတ်ခြင်း နှင့်ကရုဏာတော်ကိုဖော်ပြသည့် အကောင်းဆံုးဉပမာများထဲမှတစ်ခုဖြစ်ပြီး (အခန်းကြီး ၂၅)၊ ဆင်းရဲဒုက္ခခံရခြင်း၊ ဘုရား၏ကောင်းမြတ်ခြင်းနှင့်ကရုဏာကို နားမလည်နိုင်ဖြစ်ခြင်း စသည်တို့ကို ဖော်ပြခြင်းဖြင့်၊ စိုက်သည့်အတိုင်းရိတ်ရသည့် နိယာမကို ရှောင်လွဲနိုင်မည့် ရွေးချယ်စရာတစ်ချက်ကို ကျွန်ုပ်တို့ရရှိသည် (၄:၇-၈)။ မာရ်နတ်အကြောင်းကျောရိုးဖြစ်စဉ် (အခန်းကြီး ၁)နှင့် တစ်နေ့တွင် သူ၏သားတော် အား ကျွန်ုပ်တို့၏အပြစ်များကို ဆောင်ယူခွင့်ပြုမည့် ဘုရားသခင်ထံမှလာသည့် ကျေးဇူးပြုမှုကို (၄၂:၇-၁၇) ဖော်ပြခြင်းဖြင့်၊ ယောဘဝတ္ထုသည် အမြင်ဖြင့် မဟုတ်ဘဲ ယံုကြည်ခြင်းဖြင့် အသက်ရှင်ရန် အကြောင်းရင်းကို ပေးနေသည်။ MART DEHAAN