လမျက်နှာပြင်ပေါ်သို့ Eagle အာကာသယာဉ် ဆင်းသက်ပြီးနောက် အာကာသ ယာဥ်မှူး နေးလ် အမ်းစထရောင်း က “ဒီအရာဟာ လူတစ်ဉီးအတွက် သေးငယ်တဲ့ ခြေလှမ်းဖြစ်ပြီး လူသားမျိုးနွယ်စုအတွက်ကတော့ ကြီးမားသောခုန်လွှားခြင်းတစ်ခုဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ သူသည် လမျက်နှာပြင်ပေါ်၌လမ်းလျှောက်ခဲ့သည့် ပထမဆံုးလူသား ဖြစ်သည်။ သူ့နောက်တွင် နောက်ဆုံးသောအပိုလိုမစ်ရှင်၏ ကွန်မန်ဒို ဂျီးစာနန် အပါအ၀င် အာကာသယာဥ်မှူးများပေါ်ထွန်းခဲ့သည်။ စာနန်က “ကျွန်တော်က လပေါ်မှာ၊ ခင်ဗျားက ကမ္ဘာမြေမှာ၊ အံ့မခန်းပဲဗျာ။… အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကျွန်တော်ခံစားရ တယ်။ ဒါက မတော်တဆ ဖြစ်လာဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”… “ခင်ဗျားနဲ့ကျွန်တော် ထက် ပိုကြီးတဲ့သူ တစ်ယောက်တော့ ရှိလိမ့်မယ်” ဟုပြောခဲ့သည်။ ထူးခြားသည့်အမြင်ဖြင့် အာကာသကို ကြည့်မြင်ခဲ့ရသည့်တိုင် အပြောကျယ်သည့်စကြဝဠာကြီးနှင့်နှိုင်းယှဥ်သောအခါ မိမိ၏‌ေသေးနုတ်သေးသိမ်မှုကို ၎င်းတို့သဘောပေါက် နားလည်ခဲ့သည်။

ပရောဖက်ယေရမိသည်လည်း ကမ္ဘာကြီးနှင့် ကမ္ဘာမြေကိုလွန်ပြီး ထိန်းကျောင်း ပဲ့ကိုင်သူနှင့် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်ကို ရှုမြင်လျက် ဘုရား၏အံ့မခန်း ကြီးမြတ်မှုကို စဉ်းစားခဲ့သည်။ ကိုယ်တော်သည် သူ၏လူမျိုးများကို မေတ္တာ၊ ခွင့်လွှတ် ခြင်းနှင့် မျှော်လင့်ခြင်းပေးသနားပြီး သူ့ကိုယ်သူ ရင်းနှီးအကျွမ်းဝင်စွာ ဖော်ပြမည်ဟု ကတိပေးထားအရှင် (ယေ ၃၁:၃၃-၃၄)ဖြစ်သည်။ “နေ့အချိန်၌လင်းစရာဖို့ နေကိုခန့် ထား၍၊ ညဉ့်အချိန်၌ လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူသော”သူ ဟု ဘုရားသခင်၏ ကြီးမြတ်မှုကိုယေရမိကြီးအခိုင်အမာဆိုခဲ့သည်(:၃၅)။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့် တန်ခိုးအနန္တရှင် ဘုရားသခင်သည် မိမိလူမျိုးအားလံုးကို ရွေးနုတ်ရန် လုပ်ဆောင်သကဲ့သို့ အရာခပ်သိမ်း၏အထက်တွင် စိုးစံတော်မူလိမ့်မည် (:၃၆-၃၇)။

ကောင်းကင်၏ကြီးမားကျယ်ပြန့်မှုကို တိုင်းတာ၍မရနိုင်၊ ကမ္ဘာမြေအုတ်မြစ် ၏နက်နဲမှုကို စူးစမ်းလေ့လာ၍ မကုန်နိုင်ပါ။ သို့သော် ကျွန်ုပ်တို့သည် စကြဝဠာကြီး၏ နက်နဲမှုကိုအံ့ဩမိန်းမောလျက် လနှင့်အခြားအရာများကို ဖန်ဆင်းသောအရှင်ကို ယံုကြည်ကိုးစားနိုင်ပါသည်။ XOCHITL DIXON