မကြာမီကမှရုံတင်သော ရုပ်ရှင်ကားတစ်ကားတွင် မိမိကိုယ်ကို “ပါရမီရှင်” ဟု ကြွေးကြော်သူက ကမ္ဘာကြီး၏ကြောက်မက်ဖွယ် အကျင့်ပျက်ခြစားမှု၊ ပညာမဲ့မှုနှင့် ဆင်းရဲနွမ်းပါးမှုအကြောင်းကို ကြီးကြီးကျယ်ကျယ်ပြောဆိုလျက် မိုက်မဲရူးသွပ်သော ဘုရားမဲ့ဘဝဖြင့် ရှင်သန်ရန် ကြွေးကြော်သည်။ ယနေ့ခေတ် ရုပ်ရှင်ဇာတ်ညွှန်းများတွင် ထိုအတွေးအခေါ်သည် မထူးဆန်းသော်ငြား၊ ထိုအတွေးအခေါ်၏ဉီးတည်ရာက စိတ်ဝင်စားစရာပါ။ အဆံုးတွင် ဇာတ်ဆောင်မင်းသားက ပရိသတ်ဘက်လှည့်ပြီး အနည်းငယ်သော ပျော်ရွှင်မှုကို ရှာတွေ့ရန်အတွက် ဘာမဆိုလုပ်ရန် တောင်းဆိုသွား သည်။ သူ့အတွက်မူ မိရိုးဖလာစောင့်ထိန်းခဲ့သည့်အကျင့်အကြံများကို စွန့်ခဲ့တော့သည်။

သို့သော် “ဘာမဆိုလုပ်ခြင်း” က အလုပ်ဖြစ်နိုင်မလား။ ကြောက်မက်ဖွယ် ဘဝ၏ စိတ်ပျက်အားငယ်မှုနှင့် ရင်ဆိုင်နေရစဉ် ဓမ္မဟောင်းကျမ်းမှ ဒေသနာဆရာက ရှေးကတည်းကပင် သာယာမှုအလိုဆန္ဒနောက်လိုက်လျက် (ဒေ ၂:၁၊ ၁၀)၊ ကြီးကျယ် သောအလုပ်များလုပ်လျက် (:၄-၆)၊ ချမ်းသာကြွယ်ဝခြင်းကို ရှာဖွေလျက်(:၇-၉)၊ ဒဿနိကအတွေးအခေါ်များစူးစမ်းလျက် (:၁၂-၁၆) ပျော်ရွှင်ခြင်းကို ရှာဖွေခဲ့သည်။ သို့သော် ရလဒ်မှာ လေကို ကျက်စားသောအမှု၊ အနတ္တအမှုသာ ဖြစ်ခဲ့သည် (:၁၇)။ ၎င်းတို့သည် သေခြင်း၊ ကပ်ဆိုးဘေးနှင့် မတရားမှုများကို မခုခံနိုင်ပါ (၅:၁၃-၁၇)။

အရာတစ်ခုတည်းကသာ ဒေသနာကျမ်းရေးသူကို သူ၏စိတ်ပျက်အားငယ်ခြင်းမှ ပြန်လည်နာလံထူစေသည်။ ဘဝအခက်ခဲများရှိသော်လည်း ကျွန်ုပ်တို့၏ အသက်ရှင်မှု၊ အလုပ်အကိုင်တိုင်းတွင် ဘုရားသခင်ပါဝင်တည်ရှိပါက ကျေနပ်ပြည့်စံုခြင်းကို ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ “ဘုရားသခင်အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူစံစားရသနည်း”(၂:၂၅)။ ဘဝတွင် အဓိပ္ပာယ်မဲ့ချိန်များကို ခံစားရနိုင် ပါသည်။ သို့သော် သင့်ကိုဖန်ဆင်းသောအရှင်ကို အောက်မေ့ပါ (၁၂:၁)။ ဘဝ၏ ပြဿနာများကိုဖြေရှင်းရန် အပင်ပန်းမခံပါနှင့်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး ပညတ်တို့ကို စောင့်ရှောက်”ရန်သာဖြစ်သည်(:၁၃)။

ဘုရားသခင်ကို ဗဟိုပြုခြင်းမရှိပါက၊ ဘဝ၏သာယာမှုများ၊ ဝမ်းနည်းမှုများသည် စိတ်ပျက်ခြင်းသို့သာ ဦးတည်ဖြစ်စေလိမ့်မည်။ SHERIDAN VOYSEY